၂၁ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရန် UPDJC ကတိပေး

...

၂၁ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရန် UPDJC ကတိပေး

The Global New Light of Myanmar, 29 May 2016

URL: https://issuu.com/myanmarnewspaper/docs/29_may_16_gnlm
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)သည်၂၁ရာစု ပင်လုံညီလာခံ ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအ
တွက်ယမန်နေ့က ကတိပေး ပြောကြားခဲ့ပြီး ကိုယ်စားလှယ်(၁၆)ဦး ရှေ့ဆက်ထားရှိရန် သဘောတူညီခဲ့ကြသည်။

UPDJC အား အစိုးရဘက်မှ ကိုယ်စားလှယ်(၁၆)ဦး ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ (၁၆)ဦးနှင့် နိုင်ငံရေးပါတီများမှ (၁၀)ဦး
စသည်တို့ဖြင့် ပြန်လည်ဖွဲ့စည်းရန် သဘောတူညီခဲ့သည်။
အစည်းအဝေး ပထမနေ့ဖြစ်သော သောကြာနေ့တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီများပါဝင်မှုတွင်
ရွေးကောက်ပွဲ၌ အနည်းဆုံး ကိုယ်စားလှယ်တစ်ဦး အနိုင်ရရှိခဲ့သည့် ပါတီများမှသာ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခွင့်ရမည်ဖြစ်
ကြောင်းပြောကြားခဲ့သည်။

၂၁ရာစု ပင်လုံညီလာခံအား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု (NCA) အပေါ်အခြေခံ၍ ကျင်းပသွားမည်ဖြစ်
သည်ဟု ယမန်နေ့က နေပြည်တော်၌ ကျင်းပသည့် ကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ
ကော်မတီ(UPDJC)တွင် ဥက္ကဌအဖြစ် တာဝန်ယူထားသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်၊
ထို့ကြောင့်UPDJC သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ချိန်အတွင်း တက်တက်ကြွကြွပါဝင်နေဆဲဖြစ်သည်။