(၂၁ရာစု ပင်လုံညီလာခံ)ကြိုတင်ပြင်ဆင်ရေးအတွက် ကော်မတီနှင့် ဆပ်ကော်မတီခွဲများ ဖွဲ့စည်း

...

(၂၁ရာစု ပင်လုံညီလာခံ)ကြိုတင်ပြင်ဆင်ရေးအတွက် ကော်မတီနှင့် ဆပ်ကော်မတီခွဲများ ဖွဲ့စည်း

The Global New Light of Myanmar, 01 Jun 2016

URL: https://issuu.com/myanmarnewspaper/docs/1_june16_gnlm
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံညီလာခံ)ကျင်းပရန်အတွက် အကြိုပြင်ဆင်ရေးကော်မတီနှင့်ဆပ်ကော်မတီခွဲများ
ဖွဲ့စည်းလိုက်ခြင်းကို သမ္မတရုံးမှ မေလ ၃၁ရက်၊ ၂၀၁၆ခုနှစ်ရက်စွဲဖြင့် ကြေငြာစာအမှတ်၂၆/၂၀၁၆ ကိုယမန်နေ့က ထုတ်ပြန်လိုက်
သည်။

အကြိုပြင်ဆင်ရေးကော်မတီကို ဥက္ကဌအဖြစ် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူဒေါက်တာတင်မျိုးဝင်း၊ ဒု-ဥက္ကဌအဖြစ် နိုင်ငံတော်အ
တိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ အတွင်းရေးမှူးအဖြစ် မြန်မာ့ငြိမ်းချမ်းရေးစင်တာ၏ အထူးအကြံပေးဖြစ်သူ ဦးလှ
မောင်ရွှေနှင့် အဖွဲ့ဝင်(၁၃)ဦးတို့ဖြင့် ဖွဲ့စည်းလိုက်သည်။

အကြိုပြင်ဆင်ရေးကော်မတီ၏ တာဝန်မှာပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံညီလာခံ)၌ အဖွဲ့အားလုံး ပါဝင်နိုင်ရေး
အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်နှင့် ညီလာခံကို အောင်မြင်စွာကျင်းပနိုင်ရန်ဖြစ်သည်။

ဆပ်ကော်မတီခွဲ-၁ ၏ တာဝန်မှာ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးသူများနှင့်ဆွေးနွေးပွဲ
ကျင်းပရန်ဖြစ်ပြီး ကော်မတီခွဲတွင် ဥက္ကဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒု-ဥက္ကဌအဖြစ်ဖဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး
(၁)အဖြစ် ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်းနှင့် အတွင်းရေးမှူး(၂)အဖြစ်ဒေါက်တာမင်းဇော်ဦး တို့ပါဝင်သည်။

ဆပ်ကော်မတီခွဲ-၂၏ တာဝန်မှာNCA လက်မှတ်မထိုးထားသည့်အဖွဲ့များနှင့် ဆွေးနွေးပွဲကျင်းပရန်ဖြစ်ပြီး ဥက္ကဌအဖြစ်ဒေါက်တာ
တင်မျိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးလှမောင်ရွှေနှင့် အဖွဲ့ဝင်(၇)ဦးတို့ပါဝင်သည်။