ဘားအံရှိတန်ဖိုးနည်းအိမ်ရာစီမံကိန်း ဖြတ်ပိုင်းများကို သာမန်လူတန်းစားများထံရောင်းချ

...

ဘားအံရှိတန်ဖိုးနည်းအိမ်ရာစီမံကိန်း ဖြတ်ပိုင်းများကို သာမန်လူတန်းစားများထံရောင်းချ

The Global New Light of Myanmar, 11 Sep 2016

URL: http://www.globalnewlightofmyanmar.com/slips-for-hpa-ans-affordable-housing-project-sold-off-to-third-parties/
ဘားအံရှိတန်ဖိုးနည်းအိမ်ရာများစီမံကိန်းကို စီမံကိန်းစတင်ပြီးနောက် နှစ်နှစ်အတွင်းပြီးစီးရန်မျှော်မှန်းထားသည်။

ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်အနီးတွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း အခန်းများဝယ်ယူမည့်
ဖြတ်ပိုင်းများကိုဝယ်ယူရောင်းချပြီးပြီဖြစ်ကြောင်း local real-estate အေဂျင်စီက မြစ်မခသတင်းဌာနသို့ပြောခဲ့သည်။

ဖြတ်ပိုင်းကိုင်ဆောင်ထားသည့်သူများသည် တန်ဖိုးနည်းအိမ်ရာအခန်းတစ်ခန်းကို တစ်လလျှင် ကျပ်သုံးသောင်းဖြင့်
နှစ်သုံးဆယ်ကျော် ပေးဆောင်ရမည်ဖြစ်သည်။ထိုဖြတ်ပိုင်း၎င်းတို့ဆီမှပြန်လည်ဝယ်ယူလိုသည့်သူများကိုပြန်လည်
ရောင်းချပါကယခုနှစ်အစောပိုင်းဖြစ်သည့် ဇန်နဝါရီလ(၂၆)ရက်နေ့တွင်ရောင်းချနိုင်ပြီး စတင်ငွေပေးသွင်းမှုကိုဇူလိုင်း
တွင်ပြုလုပ်နိုင်ပြီဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွင် သုံးထပ်အဆောက်အဦးများဆောက်လုပ်မည်ဖြစ်ပြီး ပေနှစ်ဆယ်ပေသုံးဆယ်ကျယ်
သည့်အခန်း စုစုပေါင်း(၂၅၆၀)ခန်းပါရှိမည်ဖြစ်သည်၊ မြဌေးကြွယ်လင်းနှင့် အဆောက်အဦးဆောက်လုပ်သည့်မြန်မာ
ကုမ္ပဏီများ၏ပူးပေါင်းအားထုတ်ကြိုးပမ်းမှုဖြင့် ငြိမ်းချမ်းသာယာစန်းပြာကျေးရွာရှိ ဘားအံ-လှိုင်းဘွဲ့ကားလမ်းမကြီး
အနီးတွင်ဆောက်လုပ်နည်ဖြစ်သည်ဟုပြောပြခဲ့သည်။

အိမ်ရာဝယ်ယူခွင့်ဖြတ်ပိုင်းရှိသည့်တစ်ဦးချင်းအများစုမှာ ရန်ကုန်၊ ဘားအံ နှင့်မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့်မြဝ
တီမြို့စသည်တို့မှဖြစ်သည်။ ဝယ်ယူသည့်သူများတွင် အိမ်ရာတွင်နေထိုင်ချင်သည့်သူများပါသလို၊ စီမံကိန်းအပြည့်
အဝပြီးစီးအကောင်အထည်ဖော်ပြီးနောက် အိမ်ရာဝယ်ယူခွင့်ဖြတ်ပိုင်းများ၏တန်ဖိုးတက်လာမည်ကိုကြိုတင်လက်
ဦးမှုယူသည့်အနေဖြင့်ဝယ်ယူသည့် စီးပွားရေးအခွင့်အရေးသမားများလည်းပါဝင်သည်။

ဘားအံရှိတန်ဖိုးနည်းအိမ်ရာဆောက်လုပ်မှုသည်ခန့်မှန်းခြေအားဖြင့်နှစ်နှစ်ရှိမည်ဖြစ်သည်။ပြီးစီးရန်အစမ်းသတ်မှတ်
ထားသည့်ရက်မှာ ၂၀၁၈ခုနှစ်၊ ဇူလိုင် တွင်ဖြစ်သည်။အိမ်ရာစီမံကိန်းတွင်မြန်မာနိုင်ငံသားများအားအတွက်(၃၀)ရာခိုင်
နှုန်း၊ ဒေသကြီးအစိုးရဝန်ထမ်းများအတွက်နှင့်အရပ်သားအမှု့ထမ်းများအတွက်(၄၀)ရာခိုင်နှုန်းသတ်မှတ်ထားသည်။ ကျန်ရှိသည့်(၃၀)ရာခိုင်နှုန်းမှာအိမ်ရာဆောက်လုပ်ရန်တာဝန်ယူထားသည့်ကုမ္ပဏီအတွက်ဖြစ်သည်။စီမံကိန်းအား ဒေသကြီးအစိုးရထံမှဝယ်ယူထားသည့်မြေဧက(၂၀)ကျော်ပေါ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။