အာဆီယံညီလာခံတွင်ဂျပန်မှမြန်မာအား ယူအက်စ်ဒေါ်လာ(၁.၃)ဘီလီယမ်ကူညီမည်

...

အာဆီယံညီလာခံတွင်ဂျပန်မှမြန်မာအား ယူအက်စ်ဒေါ်လာ(၁.၃)ဘီလီယမ်ကူညီမည်

Myanmar Times, 08 Sep 2016

URL: http://www.mmtimes.com/index.php/national-news/yangon/22380-japan-offers-us-1-3-billion-to-myanmar-at-asean-summits.html
အာဆီယံထိပ်သီးညီလာခံနှင့်ဗီယက်နမ်၊လာအိုဆက်စပ်အစည်းအဝေးပြင်ပတွင် ယမန်နေ့၌ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့်
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံအစည်းအဝေးပြုလုပ်ရာတွင်ဂျပန်မှမြန်မာနိုင်ငံအား၁၃၅
ဘီလီယမ်(ယူအက်စ်ဒေါ်လာ ၁.၃၃ဘီလီယမ်)ပေးရန်ကတိပြုခဲ့သည်။

မြန်မာနိုင်ငံ၏ အာဆီယံရေးရာ ကိုယ်စားလှယ်၏ပြောပြချက်အရ နှစ်နိုင်ငံမှကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၌ ဆင်းရဲမွဲတေ
မှုလျော့ချရေးနှင့် စိုက်ပျိုးရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဆွေးနွေးခဲ့ကြောင်း၊နောင်နှစ်နှောင်းပိုင်းတွင် နိုင်ငံအ
တိုင်ပင်ခံ ပုဂ္ဂိုလ်မှဂျပန်နိုင်ငံသို့လာရောက်လည်ပတ်ရန်မျှော်လင့်ကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့ကြသည်။

အာဆီယံရေးရာဌာနမှညွှန်ကြားရေးမှူးချုပ်ဖြစ်သူဦးကျော်ဇေယျက ဖွံ့ဖြိုးတိုးတက်မှုကူညီထောက်ပံ့ရေးငွေကြေးတစ်စိတ်ပိုင်းကို မြန်မာနိုင်ငံတွင်ရှေ့ဆက်လုပ်ဆောင်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်း စဉ် များဆီသို့သွားမည်ဖြစ်ကြောင်းပြောခဲ့သည်။

ယခုရက်သတ္တပတ်တွင်ပြုလုပ်သည့် နိုင်ငံခေါင်းဆောင်များအကြားအစည်းဝေးမတိုင်မီ Mr Abe ၏အထူးအကြံပေးဖြစ်သူ Hiroto Izumi သည်ပြီးခဲ့သည့်လတွင်မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့သည်။

ဂျပန်နိုင်ငံတကာအဖွဲ့အစည်းမှရေးဆွဲသည့် ရန်ကုန်မြို့တော်စီမံကိန်းအပါအဝင်မြန်မာနိုင်ငံ၌ဂျပန်မှဆောင်ရွက်မှုများကို နှစ်ဦးနှစ်
ဖက်ဆွေးနွေးခဲ့ကြသည် ။စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ဂျပန်မှရင်းနှီးမြှုပ်နှံနေသည့်သီလဝါစက်မှုဇုန်အကြောင်းကိုလည်းဆွေး
နွေးခဲ့သည်။