အလုပ်အကိုင်အခွင့်အလမ်းများ တိုးလာစေရန်အတွက် ပြည်တွင်း၊ပြည်ပအလုပ်အကိုင်အေဂျင်စီ(၃၄၈)ခုအား လိုင်စင်များပေးအပ် အ

...

အလုပ်အကိုင်အခွင့်အလမ်းများ တိုးလာစေရန်အတွက် ပြည်တွင်း၊ပြည်ပအလုပ်အကိုင်အေဂျင်စီ(၃၄၈)ခုအား လိုင်စင်များပေးအပ် အ

The Global New Light of Myanmar, 09 Sep 2016

URL: http://www.globalnewlightofmyanmar.com/348-local-and-overseas-employment-agencies-given-licenses-to-improve-job-opportunities-says-union-minister/
အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး အကျိုးဆောင်ရုံး(၇၈)ရုံးဖွင့်လှစ်လိုက်ခြင်းဖြင့်မြန်မာနိုင်ငံရှိလူငယ်လူရွယ်များ
အတွက်အလုပ်အကိုင်အခွင့်အလမ်းများတိုးမြှင့်ရရှိစေရန် အလို့ငှာ ပြည်တွင်းအလုပ်အကိုင်အေဂျင်စီ(၈၈)ခုနှင့်ပြည်ပအ
လုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးအကျိုးဆောင် လုပ်ငန်း(၂၆၀)ခုတို့အားလိုင်စင်များထုတ်ပေးခဲ့သည်ဟု အလုပ်သ
မား၊ လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အမျိုးသားလွှတ်တော်တွင်
ယမန်နေ့ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်အစိုးရ၏ ငါးနှစ်တာကာလအတွင်း အလုပ်လက်မဲ့နှုန်းလျော့ချပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်
တီးရေးနှင့် စပ်လျဉ်းသည့် မေးခွန်းကိုတုန့်ပြန်ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရသည်အလုပ်အကိုင်မူဝါကို
အကောင်အထည်ဖော်ဆောင်နေကြောင်း၊ ထိုင်းနိုင်ငံနှင့်အတူအလုပ်သမားများ၏အလုပ်အကိုင်နှင့်ပတ်သတ်သည့် အလုပ်
သမားပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် MoU ကိုလက်မှတ်ရေးထိုးခဲ့ပြီး MoU သည် ထိုင်းနိုင်ငံနှင့်ကိုးရီးယားနိုင်ငံ
တို့တွင်အလုပ် လုပ်ကိုင်နေကြသည့်မြန်မာအလုပ်သမားများအား ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးခြင်းများနှင့်အကျိုး
ခံစားမှုများရရှိစေမည်ဖြစ်သည်။

မြန်မာအလုပ်သမားများကိုထိုင်းနိုင်ငံ၊စင်ကာပူနိုင်ငံ၊ မလေးရှား၊ဂျပန်၊ယူအေအီးနှင့်ကိုရီးယားနိုင်ငံများသို့စေလွှတ်ခဲ့ပြီး ထို
နိုင်ငံအသီးသီးရှိသက်ဆိုင်ရာမြန်မာသံရုံးများတွင် အလုပ်သမားခေါ်ယူရန်အတွက်အလုပ်ခေါ်စာများကို စိစစ်ကြည့်ရှူ့စစ်
ဆေးခဲ့သည်ဟုပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။