ကရင်ပြည်နယ်ရှိ ဘားအံစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရမှ စီစဉ်နေ

Myanmar Times, 05 Dec 2016
URL: http://www.mmtimes.com/index.php/business/24044-government-plans-hpa-an-zone-to-kick-start-kayin-economy.html
ကရင်ပြည်နယ်၏ စီးပွားရေးကို မြှင့်တင်ရန် ကြိုးပမ်းရာ၌ အစိုးရမှ ပြည်နယ်မြို့တော်ရှိ ဘားအံစက်မှုဇုန်တွင် စွန့်ဦးစီးပွားရေးလုပ်ငန်း
ရှင်များအား လာရောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ ဆွဲဆောင်ရန် နည်းလမ်းများကို ကြေငြာခဲ့သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်
ကြီးဦးမောင်မောင်ဝင်းက စီမံကိန်းတွင် လုပ်သားသင်တန်းများနှင့် လုပ်သားဖွံ့ဖြိုးတိုးတက်မှုများ ပါဝင်ကြောင်း ၊ အခြေခံအဆောက်အုံ
များ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း လွှတ်တော်အမတ်များကို ဒီဇင်ဘာလ ၁ ရက်နေ့က ရှင်းလင်းပြောကြား
ခဲ့သည်။
“ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ကြားပြီး ဘားအံစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်နည်းလမ်းတွေနဲ့ နည်းဗျူဟာတွေ
ဖော်ထုတ်နေပါတယ် ” ဟု ဒုတိယဝန်ကြီးက လွှတ်တော်အမတ်များကိုပြောကြားခဲ့သည်။
စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအား အရည်အသွေးမီ ကုန်ပစ္စည်းများ အလျင်မပြတ် ထုတ်လုပ်နိုင်ရန်အတွက် ၎င်းတို့အား
စိတ်ချရသည့် လျှပ်စစ်မီး ထောက်ပံ့ပေးခြင်းအပါအဝင် အဆင့်မြင့်နည်းပညာများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ကတိ
ပေးပြောကြားခဲ့သည်။
လည်ပတ်နေပြီဖြစ်သော စက်မှုလုပ်ငန်း ၉ ခုတွင် ယခုအခါ လူအယောက် ၉၀ ခန့် လုပ်ကိုင်နေပြီဖြစ်ပြီး နောက်ထပ် လုပ်သား ၁၈၀
သည်များမကြာမီ ဖွင့်လှစ်မည့် စက်ရုံ ၂ ရုံအတွက် အလုပ်လုပ်ကိုင်ရန်သင်တန်းစတင်တက်ရောက်နေပြီဖြစ်ကြောင်း၎င်းကပြောကြား
ခဲ့သည်။
ဘားအံ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးရခြင်းအကြောင်းမှာ အနီးအနားရှိ စိုက်ပျိုးမြေပိုင်ဆိုင်မှုနှင့်ပတ်သတ်ပြီးအငြင်းပွားနေရ
သောကြာင့်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ကရင်ပြည်နယ်ဒေသတွင်း အထွေထွေစီးပွားရေး ဆုတ်နစ်နေသောကြောင့်ဖြစ်သည်။
၉၆၉ ဧကရှိသော စက်မှုဇုန်ကို ၂၀၁၁ခုနှစ်တွင် တည်ထောင်ခဲ့သည်။