အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကရင်ပြည်နယ် ၊တနင်္သာရီဒေသကြီး နှင့် နေပြည်တော်တွင်ကျင်းပမည်

...

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကရင်ပြည်နယ် ၊တနင်္သာရီဒေသကြီး နှင့် နေပြည်တော်တွင်ကျင်းပမည်

The Global New Light of Myanmar, 18 Dec 2016

URL: https://issuu.com/myanmarnewspaper/docs/18_d ec_16_gnlm
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူးကိုယ်စားလှယ်များပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို ယမန်နေ့ကရန်ကုန်ရှိ အမျိုးသားရင်ကြားစေ့ရေးငြိမ်းချမ်းရေးစင်တာရုံးခွဲတွင်ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်များတွင် ကရင်ပြည်နယ်၊ တနင်္သာရီဒေသကြီးနှင့် နေပြည်တော်ကောင်စီတွင် တစ်ပတ်တာ ကျင်းပမည့် အမျိုးသားအဆင့်ဆွေးနွေးပွဲ
တွင် အစိုးရ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ၏ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းခြင်းများ ပါဝင်ခဲ့သည်။ အမျိုး
သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်နေသည့်နေရာသုံးနေရာရှိပြီး ကြီးကြပ်ရေးကော်မတီအတွက် အစိုးရမှ အတည်ပြုပေးခဲ့သည့်
အဆိုပြုခံရသူများကို လာမည့်ရက်သတ္တပတ်တွင် ကြေငြာမည်ဖြစ်သည်၊ အလုပ်ကော်မတီများအတွက် အဆိုပြုခံရသူများကို နောက်ဆက်တွဲ
ကြေငြာပေးမည်ဖြစ်သည်ဟု အစိုးရအတွက် UPDJC အတွင်းရေးမှူးဖြစ်သူ ဦးလှမောင်ရွှေကပြောခဲ့သည်။အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး
ပွဲအကြိုပဏာမ အစည်းအဝေးကို ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလတွင်ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲအတွက် KNU ၊ KNLA-PC နှင့် DKBA
တို့နှင့်အတူ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း ၎င်းမှ ထပ်မံပြောပြခဲ့သည်။

တိုင်းရင်းသားများအတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်တွင်သော်လည်းကောင်း ၊ တနင်္သာရီဒေသကြီးအတွက် အ
မျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် အရပ်သားလူမှုအဖွဲ့အစည်းများပူးပေါင်းပါဝင်မည့် အကြောင်းအရာ ကိစ္စရပ်များအတွက် အမျိုးသားအ
ဆင့်နိုင်ငံရေးဆွေးနွေးပွဲ စသည်တို့ကို ကျင်းပမည်ဖြစ်သည်။ ဆွေးနွေးပွဲရလဒ်များကို တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီမှု
စာချုပ်အရ ဖေဖော်ဝါရီလတွင်ကျင်းပမည်ဖြစ်သော ဒုတိယအကြိမ်ပင်လုံငြိမ်းချမ်းရေးညီလာခံတွင် တင်သွင်းမည်ဖြစ်သည်။