နိုင်ငံရေးအကျဉ်းသားများအတွက် အမည်အခေါ်အဝေါ်သတ်မှတ်ချက် အသိအမှတ်ပြုနိုင်ရန် ဥပဒေမူကြမ်းရေးဆွဲ

...

နိုင်ငံရေးအကျဉ်းသားများအတွက် အမည်အခေါ်အဝေါ်သတ်မှတ်ချက် အသိအမှတ်ပြုနိုင်ရန် ဥပဒေမူကြမ်းရေးဆွဲ

Myanmar Times, 04 Jan 2017

URL: http://www.mmtimes.com/index.php/national-news/24407-former-political-prisoners-many-of-whom-suffered-torture-are-drafting-a-bill-that-would-grant-leg
ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည့် ယခင်နိုင်ငံရေးအကျဉ်းသားအများအပြားသည် ၎င်းတို့အခြေအနေကို တရားဝင်အသိအမှတ်ပြုပြီးကျန်းမာရေးစောင့်
ရှောက်မှုအခမဲ့ပေးခြင်းစသည်ကဲ့သို့ ၎င်းတို့ကို ပံ့ပိုးခွင့်ပြုရန်အတွက် ဥပဒေမူကြမ်းတစ်စောင် ရေးဆွဲနေပြီဖြစ်သည်။

ထိုကဲ့သို့သော ဥပဒေကြမ်းကို ရေးဆွဲရန် ယခင်က ကြိုးပမ်းအားထုတ်ခဲ့သော်လည်း အစိုးရက နိုင်ငံရေးအကျဉ်း သားဟူသော အမည်သတ်မှတ်ချက်ကို သဘောတူရန်ငြင်းဆန်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဥပဒေမူကြမ်းရေးဆွဲခြင်းကို ဆက်လက်ဆောင်ရွက်နေပြီး ပြောရေးဆိုခွင့်ရှိသူ ဦး
အောင်မျိုးကျော်က ဥပဒေကြမ်းအား ကျမ်းမာရေးမကောင်းသည့် ယခင် နိုင်ငံရေးအကျဉ်းသားများကို အထူးကူညီရန်အတွက်ရည်ရွယ်ရေးဆွဲခြင်းဖြစ်
ကြောင်း မြန်မာတိုင်မ်းသို့ ယမန်နေ့က ပြောပြခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသား အခေါ်အဝေါ် အမည်သတ်မှတ်ချက် ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ၊ အာဏာပိုင်
များမှ အမည်သတ်မှတ်ချက်အား လက်ခံရန် ငြင်းဆိုခဲ့သည်။ လက်ရှိအစိုးရကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ ဦးဆောင်ခဲ့ပြီး အဖွဲ့ဝင်အများအပြားသည်လည်း နိုင်ငံရေးအကျဉ်းသားများ ဖြစ်ခဲ့ဖူးကြသည်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွဲ့စည်းပုံအခြေခံဥပဒေက
မည်သည့် အခေါ်အဝေါ်အသုံးအနှုန်းကိုမဆို တားဆီးသွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် တပ်မတော်
ထိန်းချုပ်သည့် ဝန်ကြီးဌာနများထဲမှ တစ်ခုဖြစ်သည်။

AAPP မှရေးဆွဲသည့် ဥပဒေမူကြမ်းတွင် နိုင်ငံရေးအကျဉ်းသားဆိုသည်မှ လွတ်လပ်မှု၊ တန်းတူညီမျှရေး၊ အစိုးရအားဆန့်ကျင်သည့် ဆန္ဒပြမှုများအပြင်
လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားလူနည်းစုအခွင့်အရေးစသည်တို့အား ထောက်ခံအားပေးမှုများပြုလုပ်ရန် ၎င်းတို့၏လှုပ်ရှားဆောင်
ရွက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လုပ်ဆောင်မှုများအတွက် ဖမ်းဆီး ထောင်ချခြင်းခံရသည့်သူများကို ဆိုလိုသည်။