နိုင်ငံပိုင်ရေဒီယို နှင့် TV အစီအစဉ်များ ပြောင်းလဲမည်

...

နိုင်ငံပိုင်ရေဒီယို နှင့် TV အစီအစဉ်များ ပြောင်းလဲမည်

Xinhau Net, 12 Jan 2017

URL: http://news.xinhuanet.com/english/2017-01/12/c_135976589.htm
နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြား(MRTV)ကို လူထုပြန်ကြားရေးမီဒီယာအဖြစ် ပြောင်းလဲတော့မည်ဖြစ်ကြောင်း ကြာသာပတေးနေ့တွင်
ပြန်ကြားရေးဝန်ကြီးဌာန၏ ဝန်ကြီးဦးဖေမြင့်မှ ထုတ်ပြန်သည့် အစီအရင်ခံစာကို မြန်မာ့သတင်းအေဂျင်စီမှ ကိုးကားဖော်ပြထားသည်။

ထိုကဲ့သို့သော အပြောင်းအလဲပြုလုပ်ရန်အတွက် အစီအစဉ်များ ချမှတ်ထားပြီဖြစ်သည်ဟု ဦးဖေမြင့်က ပြောကြားခဲ့သည်၊ အဆင့်မြင့်ရုပ်
သံအစီအစဉ်များထုတ်လုပ်ရန် MRTV ဝန်ထမ်းများအား နှိုးဆော်ထားသည်။

ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ MRTV မှ ၎င်း၏ သတင်းအစီအစဉ်ကို ၆၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိလျော့ချမည်ဖြစ်ပြီး ဖျော်
ဖြေရေးအစီအစဉ်များကို ၂၀ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ တိုးလာမည်ဖြစ်သည်၊ ပညာရေးအတွက် ထားရှိသည့် ၂၀ရာခိုင်နှုန်းကိုမူဆက်
လက်မပြောင်းလဲ ထားရှိမည်ဟု MRTV ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပြခဲ့သည်။

နိုင်ငံပိုင်မီဒီယာသည် ဝါဒဖြန့်မှုအတွက်အသုံးမပြုသင့်ကြောင့် ဦးမြင့်ဖေကပြောကြားခဲ့သည်၊ သို့သော်လည်း သတင်းအမှန်များအားအသံ
လွှင့်ခြင်းဖြင့် MRTV သည် အမှန်တကယ် လူထုဝန်ဆောင်မှုပံ့ပိုးပေးသူ ဖြစ်လာမည်ဖြစ်သည်။

မြန်မာအစိုးရသစ်သည် နိုင်ငံပိုင်မီဒီယာပြုပြင်ပြောင်းလဲရေးပြုလုပ်ရာ၌ လူထုနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်အတွက် စနစ်တကျဆက်
လက်လုပ်ဆောင်နေသည်။

ဦးဖေမြင့်မှ Xinhua နှင့်အစောပိုင်းတွေ့ဆုံရာ၌ ပြောင်းလဲသည့်အခြေအနေအောက်တွင် နိုင်ငံပိုင်မီဒီယာသည်အစိုးရသဘောထားများကိုတင်
ဆက်ရုံသာမက လူထု၏အသံများကိုပါ နားဆင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းမှ ယခင်အစိုးရသည် မီဒီယာများပုံနှိပ်ထုတ်ဝေရာ၌ တင်းကြပ်ထားမှုအချို့ကို ဖြေလျော့ပေးခဲ့ကြောင်း ၊ အပတ်စဉ် ဂျာနယ်များနှင့် နေ့စဉ်
သတင်းစာများ ထုတ်ဝေခွင့်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် ၂၀၁၂ခုနှစ်၊ သြဂုတ်လတွင် ပုဂ္ဂလိကထုတ်ဝေမှုများအားလုံးကို ထုတ်ဝေခြင်းမပြုမီ စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ပေးခဲ့
သည်။ ထိုသို့ပြုလုပ်ခြင်းသည် နိုင်ငံ၌ သတင်းစာလွတ်လပ်ခွင့် ပိုမိုရရှိရန်အတွက် မီဒီယာပြုပြင်ပြောင်းလဲမှုတွင် အရေးပါသည့် ခြေလှမ်း
တစ်ရပ်ဖြစ်ခဲ့သည်။