၅ နှစ် စီမံချက်ဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည်
The Global New Light of Myanmar, 03 Feb 2017
လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းကို ၅ နှစ် ဖွံ့ဖြိုးတိုးတက်မှုစီမံချက်ဖြင့် တိုးတက်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက
နေပြည်တော်၌ ကျင်းပသည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် ဝန်ကြီးဌာန၏ ရည်မှန်းချက်ကို ရောက်ရှိရန်အတွက် ဝန်ကြီးဌာနမှ ၎င်း၏လုပ်ဖော်ကိုင်ဖက်ကုမ္ပဏီများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနည်းဗျူဟာများကို အ
ကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း ၊ the Asian Development Bank နှင့် Livelihoods and Food Security Trust Fund တို့မှ FDA အဆင့်အတန်းနှင့် လုံခြုံစိတ်ချရသည့် စည်းမျဉ်းများအတိုင်း အဟာရဖြစ်စေမည့်အ
စားအစာများ ထုတ်လုပ်မှုအရည်အသွေး မြင့်မားလာစေဖို့ ကူညီရန်အလို့ငှာ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးပေးမှုများဖြင့် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဖြစ်သည်။
တနင်္လာနေ့တွင် ကျင်းပသည့် အစည်းအဝေးအတွင်း ADB မှ Mr Francesco Goletti က ADS ၏ လုပ်ငန်းစဉ်များနှင့် အနာဂတ်အစီအစဉ်များ ၊ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ၊ စီမံကိန်းအားအဆက်မပြတ်အကဲဖြတ်ခြင်းနှင့် အ
နာဂတ်မျှော်မှန်းမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများကို FAO မှ ကိုယ်စားလှယ်များကလည်း ဆွေးနွေးခဲ့ကြသည်။
စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေးအသေးစား၊ အလတ်စားလုပ်ငန်းများ၌လယ်သမားများ၏ပါဝင်မှုကို မြှင့်တင်ပေးခြင်းအားဖြင့်လူမှု-စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်လာ
စေရန်ဖြစ်သည်။