ပညာရေးဝန်ကြီးဌာနမှ စာမေးပွဲစနစ်သစ် စတင်မည်

...

ပညာရေးဝန်ကြီးဌာနမှ စာမေးပွဲစနစ်သစ် စတင်မည်

The Irrawaddy, 09 Feb 2017

URL: http://www.irrawaddy.com/news/burma/education-ministry-introduce-new-exam-system.html
တက္ကသိုလ်ဝင်တန်းမှလွဲ၍ အခြေခံပညာရေးအဆင့် ကျောင်းသားများ၏ အတန်းတင်စနစ်ကို စာမေးပွဲ တခုတည်းအပေါ်မူတည်ဆုံးဖြတ်မည်မဟုတ်ဘဲ
တနှစ်လုံး အကဲဖြတ်စောင့်ကြည့်သည့်စနစ်ဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း နေပြည်တော် ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

လက်ရှိပညာရေးစနစ်မှာ ကျောင်းသားများအတန်းတက်ဖို့အတွက် စာမေးပွဲရလဒ်တစ်ခုတည်းဖြင့်သာ တိုင်းတာပြီး အတန်းတက်စေခဲ့ခြင်းဖြစ်သည်။

“ စနစ်သစ်အောက်မှာဆိုရင် နှစ်ဆုံးစာမေးပွဲ၊ အခန်းဆုံးစာမေးပွဲနဲ့ တစ်ဦးချင်းစီရဲ့ ဘက်စုံ အရည်အချင်းတွေအပေါ်မှာ အကဲဖြတ်ရမယ့်စနစ်ပါပဲ။ အ
တန်းတင်စာမေးပွဲတစ်ခုတည်းကိုပဲ ကြည့်ရမှာမျိုးမဟုတ်တော့ဘူး” ဟု ပညာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက ဧရာဝတီသို့
ပြောသည်။

ပညာရေးစနစ်သစ်သည် တက္ကသိုလ်ဝင်တန်းမှလွဲ၍ အခြေခံပညာရေးအဆင့်အတန်းအားလုံး ပါဝင်မည်ဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်။

ယခုစနစ်သည် ကျောင်းသားများအနေဖြင့် စာတမျိုးတည်းသာ ထူးချွန်နေခြင်းထက် မိဘ၊ ရပ်ရွာနှင့် ကျောင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု
များရှိရန် လိုအပ်မည်ဖြစ်သည်။

ဆရာများကလည်း ကျောင်းသားတစ်ဦးချင်းစီ၏ အရည်အချင်းကို နှစ်စ၊ နှစ်ဆုံး စောင့်ကြည့်အကဲဖြတ်ရမည်ဖြစ်ကြောင်း နေပြည်တော် ပညာရေးဝန်
ကြီးဌာနမှ အရာရှိတစ်ဦးက ပြောခဲ့သည်။

“ ဥပမာ တနှစ်လုံးမှာ စာမေးပွဲ ၅ ကြိမ်စစ်မယ်။ အဲဒီ ၅ ကြိမ်စလုံးက ရမှတ်ပေါင်းတွေကို ပျမ်းမျှယူပြီး အဆင့် A ၊ B ၊ C ၊ Dသတ်မှတ်မယ်။ အဲဒီကနေ
၆၀ ရာခိုင်နှုန်း အမှတ်ယူမယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက ကျောင်းသားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်အပေါ်မှာ မူတည်တယ်” ဟု ယင်းပညာရေးအရာ
ကပြောသည်။

နှစ်ဆုံးစာမေးပွဲတွင် ဘာသာရပ်အားလုံး၌ Grades A ၊ B ၊ C ရရှိပါက အောင်မြင်သည်ဟု သတ်မှတ်မည်ဖြစ်ပြီး Grade D ရရှိပါ၍ ကျရှုံးသူဟု သတ်
မှတ်မည်ဖြစ်သည်။
ယခုစနစ်သစ်ကို ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်အဖွဲ့များ ပူးပေါင်းရေးဆွဲခြင်းဖြစ်ကြောင်း ဒေါက်တာခိုင်မြဲကပြောခဲ့ သည်။

ထိုသို့ တနှစ်လုံး အကဲဖြတ်စောင့်ကြည့်ရမည့် ပညာရေးစနစ်သို့ ပြောင်းလဲရန် ဇန်နဝါရီလ ၂၆ ၊ ၂၇ ရက်များတွင် နေပြည်တော်သို့ ပြည်နယ်နှင့်တိုင်းပ
ညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများကို ဖိတ်ခေါ်၍ လုပ်ငန်းလမ်းညွှန်ချက်များ ချမှတ်ပေးလိုက်ပြီဖြစ်ကြောင်း အခြေခံပညာရေးဌာနမှ ညွှန်ကြားရေးမှူး
တစ်ဦးဖြစ်သူ ဦးမြင့်လွင်က ပြောခဲ့သည်။

“ ကျွန်တော်တို့ လုပ်ငန်းလမ်းညွှန်ချက်တွေ ချပေးလိုက်ပြီဆိုတော့ ကျောင်းတွေက လာမယ့်ပညာသင်နှစ်မှာ စနစ်သစ်ကို အကောင်အထည်ဖော်လို့ရပါ
ပြီ ”ဟု သူကပြောခဲ့သည်။ အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်နှစ်သစ်သည် ဇွန်လတွင် ပုံမှန်စတင်သည်။

“စနစ်သစ်ကို ကျွန်တော်တို့ အဓိကအားဖြင့် ငါးတန်းနဲ့ ကိုးတန်းကျောင်းသားတွေကို ကျင့်သုံးပါမယ် ”ဟု သူကပြောသည်။

မြန်မာတနိုင်ငံလုံးတွင် အခြေခံပညာကျောင်းသားဦးရေ ၉ သန်းခန့်၊ ဆရာဦးရေ ၄ သိန်းနီးပါး နှင့် ကျောင်းပေါင်း ၄၅၉၈၁ ကျောင်း ရှိကြောင်း နေပြည်
တော်အခြေခံပညာဦးစီးဌာန၊ ကြီးကြပ်အကဲဖြတ်ဌာနမှ သိရသည်။