ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဘတ်ဂျက်

...

ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဘတ်ဂျက်

Myanmar Times, 17 Feb 2017

URL: http://www.mmtimes.com/index.php/business/24998-kayah-hluttaw-to-scrutinise-state-budget.html
ကယားပြည်နယ်အစိုးရသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေကျပ်သန်းထောင်(၅၁)ထောင် အဆိုပြုထားသည်။ ယင်းဘတ်ဂျက်ငွေအား ဒေသကြီးပြည်နယ်ဖွံ့ဖြိုးရေး
အတွက် ဆောင်ရွက်ပေးရန်ရည်ရွယ်ချက်ဖြင့် ကဏ္ဍအားလုံးတွင် အသုံးပြုသွားမည်ဖြစ်သည်ဟု ကယားပြည်နယ်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးလှထွေးကပြောခဲ့သည်။

ပြည်နယ်အတွက် အဆိုပြုထားသည့် ဘတ်ဂျက်ငွေပမာဏသည် လုံလောက်မှုရှိပြီး ယမန်နှစ်ဘတ်ဂျက်ပမာဏနှင့်လည်း အတူတူပင်ဖြစ်သည်။

“ ပြည်နယ်ဘတ်ဂျက်အတွက် ပြည်နယ်အစိုးရက ငွေကျပ်သန်း(၅၁)ထောင်အဆိုပြုထားပါတယ်…..ကျွန်တော်တို့ ဆည်မြောင်းကဏ္ဍအတွက် မျှမျှတတပဲ ဘတ်ဂျက်လျော့ချပြီး လမ်း၊
တံတားဆောက်လုပ်ရေးကဏ္ဍတွေမှာ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။”

“ ယခုဘတ်ဂျက်ငွေနဲ့အတူ သယ်ယူပို့ဆောင်ရေးအဆောက်အဦးကဏ္ဍတွေကို ပံ့ပိုးကူညီပေးမှာဖြစ်ပြီး လျှပ်စစ်မီးမရရှိတဲ့နေရာဒေသတွေမှာလည်း လျှပ်စစ်မီး ပံ့ပိုးပေးမှာဖြစ်ပါတယ်။
ရရှိလာတဲ့ဘတ်ဂျက်ကို ကျွန်တော်တို့ မျှမျှတတစီမံခန့်ခွဲနိုင်မယ်ဆိုရင် ပြည်နယ်ဟာ အပိုင်းကဏ္ဍအားလုံးနဲ့ နယ်ပယ်အားလုံးမှာ တပြေးညီ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ် ” ဟု ပြောရေးဆို
ခွင့်ရှိသူက ပြောခဲ့သည်။

ပြည်နယ်အစိုးရမှ တင်သွင်းလာသည့် ဘတ်ဂျက်အဆိုပြုချက်ကို လွှတ်တော်မှ စဉ်းစားချင့်ချိန်ရန်အတွက် အချိန်အနည်းငယ်သာရခဲ့သောကြောင့် ပြည်နယ်လွှတ်တော်သည် ဆည်
မြောင်း၊လမ်းတံတားနှင့် လျှပ်စစ်မီး စသည်တို့အတွက် ဘတ်ဂျက်ငွေ ခွဲဝေချထားရေးနှင့်ပတ်သတ်၍ စေ့စေ့စပ်စပ်ကြည့်ရှုနိုင်ခဲ့သည်ဟု ၎င်းကပြောခဲ့သည်။ ထို့ကြောင့် နောင်နှစ်များ
တွင်လွှတ်တော်အနေဖြင့် ဘတ်ဂျက်အဆိုပြုချက်ကို အခြေအတင်ဆွေးနွေးရန်အတွက် အချိန်ပိုမို ရရှိနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ၏ပြောကြားချက်အရ ကယားပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ဂိတ်များကို ဖွင့်လှစ်ထားပြီဖြစ်ပြီး ပြည်နယ်လွှတ်တော်မှ ဒေသကြီးစီးပွားရေးကို မြှင့်တင်ပေး
ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ ပြည်နယ်တွင် စက်မှုဇုန်တစ်ခု အကောင်အထည်ဖော်ရန်လည်း စီမံကိန်းချမှတ်ထားသည်။