ဂျပန်နှင့် အလုပ်သမားသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးရန် မြန်မာ စီစဉ်

...

ဂျပန်နှင့် အလုပ်သမားသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးရန် မြန်မာ စီစဉ်

Myanmar Times, 15 Feb 2017

URL: http://www.mmtimes.com/index.php/national-news/24955-myanmar-plans-to-sign-labour-pact-with-japan.html
မြန်မာအလုပ်သမားများအား ဂျပန်နိုင်ငံသို့ ပို့ရန်အတွက် ဂျပန်အစိုးရနှင့်အတူ နှစ်ဦးနှစ်ဖက်နားလည်မှုသဘောတူစာချွန်လွှာ(MoU) ရေးထိုးရန် မြန်မာအစိုးရမှ စီစဉ်နေပြီဖြစ်ကြောင်း
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

“ မြန်မာနဲ့ ဂျပန်က လူနေထိုင်မှုပုံစံ တူညီမှုရှိတယ်။ သူတို့လည်း မြန်မာနဲ့တူတယ်။ ကျွန်တော်သိသလောက်ကတော့ ဂျပန်က အလုပ်သမားနဲ့ပတ်သတ်ရင် အခြားနိုင်ငံတွေက အလုပ်သ
မားခေါ်ယူတာမရှိဘူး " ဟု အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က မြန်မာတိုင်မ်းသို့ ပြောခဲ့သည်။

ယခုအခါ နှစ်နိုင်ငံလုံးမှ အလုပ်သမားခေါ်ယူမှုနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များ ဆွေးနွေးနေပြီဖြစ်သည်၊နောက်ဆက်တွဲအနေဖြင့် အလုပ်သမားဝန်ကြီးဌာနသည် MoU
သဘောတူစာချုပ်မူကြမ်းကို ပြဋ္ဌာန်းအတည်ပြုပေးရန်အတွက် ရှေ့နေ့ချုပ်ရုံးသို့ တင်သွင်းမည်ဟု ဦးမျိုးအောင်က ပြောခဲ့သည်။

“ အခု အေဂျင်စီဝန်ဆောင်ခကို လျော့ချဖို့ ကျွန်တော်တို့ ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ ဂျပန်နိုင်ငံက အလုပ်ရှင်တွေကိုလည်း ဘယ်လိုကျွမ်းကျင်လုပ်သားမျိုးလိုချင်သလဲလို့ ကျွန်တော်
တို့ မေးထားပါတယ်၊ အလုပ်သမားသင်တန်းပေးဖို့ကိုလည်း အလုပ်ရှင်တွေကို တောင်းဆိုထားပါတယ် ” ဟု သူကပြောခဲ့သည်။

လက်ရှိတွင် မြန်မာအေဂျင်စီများသည် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့်စက်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် ဂျပန်နိုင်ငံသို့ အလုပ်သမားများ
ပို့ပေးလျှက်ရှိသည်။ ဂျပန်နိုင်ငံသည် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်သမားလိုအပ်မှုအခြေအနေ အမြင့်ဆုံးရှိသည်။

အေဂျင်စီများသည် ဂျပန်နိုင်ငံသို့ သွားရောက်ရန်အတွက် အလုပ်သမားများထံမှ ယူအက်စ်ဒေါ်လာ(၂၈၀၀) ခန့် ကောက်ခံသည်ဟု ဦးမျိုးအောင်က ပြောပြခဲ့သည်။ အလုပ်သမားဝန်ကြီးဌာ
နသည် MoU စာချုပ်သစ်နှင့်အတူ အေဂျင်စီခ လျော့ချပေးရန် ကြိုးပမ်းနေသည်။

ဂျပန်နိုင်ငံသို့ အလုပ်လုပ်ရန်အတွက် မြန်မာနိုင်ငံမှ အလုပ်သမားများအယောက်(၂၀၀)မှ(၃၀၀)အထိ လစဉ် ထွက်ခွာလျှက်ရှိသည်။

အလုပ်သမားဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသို့ လစဉ်လတိုင်း သွားရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမား(၁၀၀၀၀)ကျော်ရှိပြီး မလေးရှားနှင့်အခြားနိုင်ငံများ
သို့အလုပ်လုပ်ရန်အတွက် သွားရောက်သူ မြန်မာအလုပ်သမား (၁၀၀၀၀)ခန့်ရှိသည်။