KNU ကွန်ဂရက် မတ်လ(၁၄)ရက်နေ့တွင် ကျင်းပမည်

Myanmar Times, 21 Feb 2017
URL: http://www.mmtimes.com/index.php/national-news/25022-knu-to-hold-party-congress-on-march-14.html
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ (၁၆)ကြိမ်မြောက်ကွန်ဂရက်နှင့် ရွေးကောက်ပွဲကို မတ်လ(၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ကွန်ဂရက်တွင် ခေါင်းဆောင်ပိုင်းရွေးချယ်မည်ဖြစ်ပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ လေးဝါးနယ်မြေတွင် ကျင်းပမည်ဖြစ်ကြောင်း ကေအဲန်ယူဗဟိုကော်မတီအဖွဲ့ဝင် ပဒိုစောတာဒို့မူးက ပြောခဲ့သည်။
“ ပြီးခဲ့တဲ့စနေနေ့ကကျင်းပတဲ့ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ” ဟု သူကမြန်မာတိုင်းမ်းသို့ ပြောခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် KNU ကွန်ဂရက်အတွင်း ဗိုလ်ချုပ်စောမူတူးစေးဖိုးဦးဆောင်သော အဖွဲ့ဝင်(၁၁)ဦးပါဝင်သည့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သည်၊ ဗိုလ်ချုပ်စောမူတူးစေးဖိုးမှ ဥက္ကဌအဖြစ်ပါဝင်ပြီး
ပဒိုနော်ဇီဖိုးရာစိန်က ဒုဥက္ကဌအဖြစ်ပါဝင်သည်။
ပြီးခဲ့သည့် ကွန်ဂရက်တွင် တပ်မဟာ(၇)ခုမှ ကိုယ်စားလှယ်များ၊ ခရိုင်(၇)ခုမှ ကိုယ်စားလှယ်များနှင့် KNUအဖွဲ့အစည်း၏စစ်ဘက်ပိုင်းဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှခေါင်း
ဆောင်များ တက်ရောက်ခဲ့ကြသည်။
KNU အား ၁၉၄၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်၊ အဖွဲ့အစည်းသည် ၂၀၁၂ ခုနှစ်ကတည်းကပင် အစိုးရနှင့်အတူ ကနဦးအပစ်ရပ်သဘောတူညီမှုလက်မှတ်ရေး
ထိုးခဲ့သည်။