ဘာသာကြီးလေးရပ်ထည့်သွင်းရေးဆွဲထားသည့် ကျောင်းသုံးစာအုပ်များသည် ပညာရေးဌာနမှ ရေးဆွဲထုတ်ဝေခြင်းမဟုတ်ကြောင်း MoE မှ ပြောကြား

Myanmar Times, 07 Mar 2017
URL: http://www.mmtimes.com/index.php/national-news/25206-moe-not-responsible-for-religious-contentin-textbooks.html
ပညာရေးဝန်ကြီးဌာနသည် လူမှုကွန်ယက်များပေါ်တွင် ဝေဖန်မှုများထွက်ပေါ်နေသည့် ဘာသာကြီးလေးရပ် (ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာ) ပါဝင်သည့် ပြည်သူ့နီတိ
ကျောင်းသုံးစာအုပ်နှင့်ပတ်သတ်ပြီး တုန့်ပြန်ပြောကြားလိုက်သည်။
“ ဒီကျောင်းသုံးစာအုပ်က ကျွန်တော်တို့ဌာနက ထုတ်ဝေတာမဟုတ်ပါဘူး။ အမျိုးသားသင်ရိုးညွှန်းတန်းကော်မတီက အတည်ပြုထားတဲ့ သင်ရိုးညွှန်းတန်းတစ်ခုထဲကိုပဲ ကျွန်တော်တို့သင်ကြားပေးတာပါ” ဟု
ပညာရေးဝန်ကြီးဌာန(MoE)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်မြဲက မြန်မာတိုင်းမ်းသို့ ယမန်နေ့ ပြောကြားခဲ့သည်။
၂၀၁၆-၂၀၁၇ ပညာရေးနှစ်တွင် MoE သည် သူငယ်တန်းအဆင့်အတွက် သင်ရိုးညွှန်းတန်းအသစ်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။ Grade 1 အတွက် သင်ရိုးညွှန်းတန်းအသစ်ကို လာမည့်ပညာသင်
နှစ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး Grade 2 အတွက် သင်ရိုးညွှန်းတန်းအသစ်ကို စီစဉ်ပြုလုပ်နေဆဲဖြစ်သည်။
ပြည်သူ့နီတိကျောင်းသုံးစာအုပ်ကို ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH)ကရေးဆွဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။
၎င်းတို့မှ စုစုပေါင်း(၁၇)အုပ်ထုတ်ဝေခဲ့ပြီး ၎င်းတို့ထဲမှ(၁၁)အုပ်ကို သူငယ်တန်းမှ ၁၀တန်းအတွက်လည်းကောင်း၊ (၅)အုပ်ကို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအတွက် ဆရာလမ်းညွှန်စာအုပ်အဖြစ်
လည်းကောင်း၊ ကျန်သည့်တစ်အုပ်ကို ပြည်သူ့နီတိပညာသင်ကြားရေးလေ့လာသုံးသပ်မှုအတွက်လည်းကောင်း ထုတ်ဝေခဲ့သည်။
CDNH ၏ပြောကြားချက်အရ ပြည်သူ့နီတိသင်ကြားရန်အတွက် မည်သည့်ကျောင်းကိုမဆို မည်သည်အဖွဲ့အစည်းကိုမဆို မဖြစ်မနေသင်ကြားရမည်ဟု မဆိုလိုကြောင်း ပြောခဲ့သည်။
သင်ရိုးညွှန်းတန်းတွင် ဘာသာကြီးလေးရပ်အား ထည့်သွင်းသည်ဟုဆိုကာ ပြည်သူများက လူမှုကွန်ယက်ပေါ်တွင် MoE အား လတ်တလော ဝေဖန်မှုများရှိခဲ့သည်။