၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံ မေလ(၂၄)ရက်နေ့တွင် ကျင်းပမည်

...

၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံ မေလ(၂၄)ရက်နေ့တွင် ကျင်းပမည်

Mizzima, 25 Apr 2017

URL: http://www.mizzima.com/news-domestic/21st-century-panglong-peace-conference-be-held-24-may
တနင်္လာနေ့၌ မြန်မာအစိုးရ ၊ တပ်မတော် နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
ဆက်လက်ဆောင်ရွက်ရန်နှင့်တောင်းဆိုထားသည့် အချက်(၈)ချက်အပေါ် သဘောတူညီမှုရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဌေး၏ပြောကြားချက်ကို ကိုးကား၍ ရှင်ဟွာသတင်း
ဌာနက ဖော်ပြခဲ့သည်။

တနင်္လာနေ့က နေပြည်တော်တွင် ကျင်းပသည့် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းအစည်းဝေး(JICM)သို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်
ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့မှခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးရက်သတ်မှတ်ခြင်းအပါအဝင် ညီလာခံတွင် ဖက်ဒရယ်မူသဘောတူညီချက်များကို ကြေညာချက်တစောင်အဖြစ် ထုတ်
ပြန်နိုင်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရသေးသည့်အဖွဲ့များ၏ကိစ္စရပ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေးကိစ္စတို့ကို ဆွေး
နွေးကြမည်ဟု သိရသည်။

အစည်းအဝေးတွင် ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကို နေပြည်တော်၌ မေလ(၂၄)ရက်နေ့မှစ၍ ၅ရက်တာကျင်းပမည်ဖြစ်သည်။