မြန်မာနိုင်ငံ၌ အစိုးရထက်ဝက်ပါဝင်သောဘဏ်မှ အိမ်ရာချေးငွေများ ပိုမိုပေးအပ်မည်

Eleven Myanmar, 02 Jul 2017
URL: http://www.elevenmyanmar.com/business/10357
ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဘဏ်(CHDB)သည် ယခုနှစ်တွင် ဝင်ငွေနည်းပါးသည့်သူများအား အိမ်ရာနှင့်ပတ်သတ်သည့်ဘဏ်အကောင့်များပိုမို ဖွင့်ပေးနိုင်ရန်နှင့် ချေးငွေများပေးနိုင်ရန်စီစဉ်နေသည်ဟု
ဘဏ်ရှိ အလုပ်အမှုဆောင်တစ်ဦး၏ပြောကြားချက်အရသိရှိရသည်။
ဘဏ်၏အိမ်ရာချေးငွေဌာနမှ လက်ထောက်မန်နေဂျာဖြစ်သူ လှမျိုးတင့်က လက်ရှိတွင် အိမ်ရာငွေစုအကောင့်တစ်သောင်းခုနစ်ထောင်ကျော် ဖွင့်ပေးပြီးပြီဖြစ်ပြီး ၎င်းတို့ထဲမှ လူသုံးထောင်ကျော်သည် တန်ဖိုးနည်းအိမ်ရာနှင့်
ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာနနှင့် အချို့သောဆောက်လုပ်ရေးကုမ္ပဏီများမှ အကောင်အထည်ဖော်နေသည့် အလယ်လတ်စားတိုက်ခန်းများကို ဝယ်ယူရန် သတ်မှတ်ချက်များနှင့်
ပြည့်မီကြောင်း ပြောခဲ့သည်။
“တိုက်ခန်းဝယ်ယူချင်တဲ့ လူပေါင်း(၁၄၀၀)ကျော်ကို ကျွန်တော်တို့ အိမ်ရာချေးငွေတွေ ချေးပေးခဲ့ပါတယ်။ အခုအခါမှာတော့ လူပေါင်း သုံးထောင်ကျော်က ဆောက်လုပ်ပြီးစီးမယ့် အခန်းတွေကို သူတို့ဘဏ်အကောင့်ကနေ
တဆင့် အခန်းဝယ်ယူဖို့စောင့်နေပါတယ် ” ဟု သူကပြောခဲ့သည်။
အစိုးရအနေဖြင့် အလယ်လတ်တန်းစားမိသားစုများနှင့်ဝင်ငွေနိမ့်ပါးသည်မိသားစုများ၏ အိမ်လိုချင်သည့်ဆန္ဒအားဖြည့်ဆည်းပေးနိုင်ရန်အတွက် အကျိုးအမြတ်မယူပဲလုပ်ဆောင်သည့်ကနဦးလုပ်ဆောင်မှုဖြစ်ကြောင်း လှမျိုး
တင့်က ပြောခဲ့သည်။ ဘဏ်အနေဖြင့် ဆောက်လုပ်ရေးစီးပွားရေးလုပ်ငန်းများနှင့် မိသားစုများကို ပံ့ပိုးပေးရန်ရည်ရွယ်သည်။
တိုက်ခန်းဝယ်ချင်သည့်သူများအနေဖြင့် ဘဏ်တွင်ငွေစုအကောင့်ဖွင့်နိုင်ပြီး ၎င်းတို့ဝယ်ချင်သည့်အခန်း၏ နေရာ၊ စျေးနှုန်း၊ အကျယ်အဝန်း(ဥပမာ လေးဖက်လေးတန်ပေ)စသည်တို့ကို ဘဏ်အမှုဆောင်များထံသို့ အကြောင်း
ကြားနိုင်သည်။အခန်းစျေးနှုန်း၏ ၃၀ရာခိုင်နှုန်းကို ၎င်းတို့မှ စုထားပြီးသည်နှင့်တပြိုင်နက် ထိုအခန်းအားဝယ်ယူရန် သတ်မှတ်ချက်နှင့် ပြည့်မီမည်ဖြစ်သည်။
“ အခန်းခကို ၃၀ ရာခိုင်နှုန်းအရင်ပေးချေရုံနဲ့ လူတွေတိုက်ခန်းဝယ်ယူနိုင်ပါပြီ။ ပေးရမယ့်ကျန်ရှိတဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ၁၀ နှစ်အတွင်းမှ ပေးချေရပါမယ်။ နှစ်အနည်းငယ်အတွင်းမှာ ပေးချေနိုင်မယ်ဆိုလည်း ဆန္ဒရှိသလို
ပေးချေနိုင်ပါတယ်။ သူတို့ပေးချေရမယ့်အခန်းစျေးနှုန်းအပေါ်မူတည်ပြီး ချေးငွေကာလကို နှစ်၂၀ ကနေ နှစ် ၃၀ အတွင်း တိုးချဲ့သွားဖို့ ကျွန်တော်တို့အခု စဉ်းစားနေပါတယ် ” ဟု သူကပြောသည်။
အိမ်ရာချေးငွေ ချေးယူရန်အတွက် မည်သည့်အာမခံပစ္စည်းမှပေးရန် မလိုအပ်သော်လည်း ဘဏ်အနေနှင့် ချေးသူမှ အိမ်ဖိုးချေးငွေ အကြေမဆပ်ခင်အထိ အခန်းပိုင်ဆိုင်မှုစာရွက်စာတမ်းများအားလုံးကို သိမ်းဆည်းထားမည်
ဖြစ်ကြောင်း သူကပြောသည်။
ချေးသူမိသားစုဝင်ငွေ၏အနည်းဆုံး သုံးပုံတပုံပေးချေနိုင်မှသာ ဘဏ်မှ ချေးငွေပေးမည်ဖြစ်သည်။ လက်ခံရရှိသည့်ငွေကြေးအပေါ်မူတည်၍ အတိုးနှုန်းလျော့ချပေးရန်လည်းစီစဉ်ထားသည်။
“ ဝင်ငွေနည်းတဲ့မိသားစုတွေအတွက် ဒီလိုအိမ်ဝယ်နိုင်ဖို့ ငွေစုတာဟာ ကြီးမားတဲ့အခွင့်အရေးပါပဲ။ သူတို့ငွေစုတာဟာ အိမ်ဝယ်ဖို့ပေးချေနိုင်တဲ့ ကနဦး ပမာဏရောက်တာနဲ့ သူတို့အိမ်ဝယ်နိုင်ပါပြီ။ ပြီးတော့ သူတို့စုထားတဲ့ငွေ
ပမာဏအတွက် နှစ်တိုင်း သူတို့အတိုး(၈.၅)ရာခိုင်နှုန်းရှိပါမယ် ” ဟု သူကပြောသည်။
“ ဥပမာ တဦးတယောက်က ကျပ် သိန်း ၁၀၀ တန် တန်ဖိုးနည်းအိမ်ရာအခန်းဝယ်မယ်ဆိုရင် သူ့အနေနဲ့ စာချုပ်ချုပ်လိုက်တာနဲ့ သိန်း ၃၀ အရင်ပေးဖို့လိုအပ်ပါတယ်။ အဲ့နောက်မှာတော့ သူကျွန်တော်တို့ ဘဏ်ကို လစဉ် ၁၀
သိန်းသွင်းရပါမယ်။ အိမ်ငှားခထက်လျော့နည်းတဲ့ငွေကိုပေးသွင်းခြင်းအားဖြင့် ၁၀နှစ်လောက်ဆို တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ပါပြီ ။ ကောင်းတယ်မဟုတ်လား ” ဟု သူမှပြောခဲ့သည်။
ယခုအခါဘဏ်သည် ရန်ကုန်အပါအဝင် နေပြည်တော် ၊ မန္တလေး ၊ မော်လမြိုင် ၊ ပုသိမ် နှင့် မကွေး စသည့်မြို့များတွင် ဘဏ်ခွဲ(၁၀)ခုရှိနေပြီဖြစ်ပြီး အခြားမြို့များတွင်လည်း မကြာမီတိုးချဲ့သွားမည်ဖြစ်သည်။