KNLA တပ်မတော်သားများ နိုးနိုးကြားကြားရှိရန် ခေါင်းဆောင်မှ တိုက်တွန်းပြောကြား

Burma News International, 06 Jul 2017
URL: http://www.bnionline.net/news/karen-state/item/3221-knla-leaders-warn-soldiers-to-remain-cautious-of-the-ceasefire.html
အပစ်ရပ်ကာလအတောအတွင်း ထွက်ပေါ်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ရလဒ်များကို သုံးသပ်ပြီး အဆုံးသတ်ရလဒ်များ မသေချာသေးသည့်အပေါ် ကော်သူးလေတပ်မတော်သားများအနေဖြင့်
နိုးနိုးကြားကြားရှိနေရန် ဇူလိုင်လ(၅)ရက်နေ့တွင် ကျရောက်သည့် ၆၈ နှစ်မြောက် ကော်သူးလေတပ်မတော်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဒုစစ်ဦးစီးချုပ်ဖြစ်သူ
ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တိုက်တွန်းပြောဆိုလိုက်သည်။
“အပစ်ရပ်စဲတယ်ဆိုတာ နိုင်ငံရေးကစားတာပါပဲ ၊ စားပွဲခုံပေါ်ကတိုက်ပွဲတခုပဲ။ ဘယ်အချိန်အဆုံးသတ်မလဲ၊ အဆုံးသတ်မှာ ဘာစိန်ခေါ်မှုတွေရှိမလဲ။ အခုဆို လေးနှစ် ငါးနှစ်လောက် ပြောဆို
ဆွေးနွေးခဲ့ပေမယ့် နိုင်ငံရေးရလဒ် ဘာတခုမှ သေသေချာချာ မဖြစ်ထွန်းသေးဘူး။ ဒါကြောင့် တပ်မတော်သားများအနေနဲ့ သတိရှိပါ။ အမြဲနိုးကြားနေပါ ” ဟု ကေအဲန်ယူနယ်မြေ၊ သေဘေ့
ထာ့စခန်းတွင်ပြုလုပ်သည့် ကော်သူးလေတပ်မတော်နေ့ အခမ်းအနားတွင် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကရင်အဖွဲ့များအားလုံး မိမိအမျိုးသားတရပ်လုံး၏ လုံခြုံရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားရန် တာဝန်ကိုယ်စီရှိကြသည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
ထိုနေ့ပြုလုပ်သည့် ကော်သူးလေတပ်မတော်နေ့အခမ်းအနားတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ မိန့်ခွန်းပြောကြားခဲ့ပြီး အပစ်ရပ်ကာလအဆင့်သာရှိနေသေးပြီး ငြိမ်းချမ်းရေး
လုံးဝရရှိနေခြင်းမဟုတ်သေးကြောင်း ၊ လတ်တလောတွင် ကြိုးစားနေဆဲအခြေအနေသာ ရှိနေသေးသောကြောင့် တပ်မတော်သားများအနေဖြင့် သတိလက်လွတ်မနေဘဲ နိုးနိုးကြားကြားရှိနေ
ရန် တိုက်တွန်းထားသည်။