ဧရာဝတီတိုင်းရှိ ကျေးရွာ(၅၂)ရွာအား ပုဂ္ဂလိကလျှပ်စစ်ထုတ်လုပ်သူများမှ လျှပ်စစ်မီးပေးမည်

...

ဧရာဝတီတိုင်းရှိ ကျေးရွာ(၅၂)ရွာအား ပုဂ္ဂလိကလျှပ်စစ်ထုတ်လုပ်သူများမှ လျှပ်စစ်မီးပေးမည်

Myanmar Times, 04 Jul 2017

URL: http://www.mmtimes.com/index.php/business/26667-independent-power-producer-to-light-up-52-villages-in-ayeyarwaddy.html
ပုဂ္ဂလိကလျှပ်စစ်ထုတ်လုပ်သူများအတွက် ပင်မနိုင်ငံတော်ဓာတ်အားလိုင်းနှင့်ချိတ်ဆက်ထားခြင်းမရှိသည့် ဧရာဝတိုင်းဒေသကြီးရှိ ကျေးရွာ ၅၂ ရွာကို လျှပ်စစ်မီးပေးရန်
အစီအစဉ် စတင်နေပြီဖြစ်ကြောင်း ဒေသကြီးလျှပ်စစ်၊ စက်မှုလုပ်ငန်းနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီးဦးမင်းဌေးကပြောကြားခဲ့သည်။

ယခုတွင် အိမ်ထောင်စုများနှင့်စက်မှုလုပ်ငန်းများ၏လျှပ်စစ်မီးလိုအပ်မှု၌ ဧရာဝတီတိုင်းဒေသကြီး၏လက်ရှိလျှပ်စစ်မီးပေးနိုင်မှုသည် ၁၇ ရာခိုင်နှုန်းသာပေးနိုင်သေးသည်။

နိုင်ငံတော်လျှပ်စစ်ဓာတ်အားပင်မလိုင်းနှင့်ချိတ်ဆက်မထားသည့်ကျေးရွာများလည်းရှိသေးသည်။

ဒေသကြီးအစိုးရသည် ပုဂ္ဂလိကလျှပ်စစ်ထုတ်လုပ်သူများမှ လျှပ်စစ်မီးပေးရန်အတွက် မြို့နယ်(၂၂)မြို့နယ်အား ရွေးချယ်မည်ဖြစ်သည်။

“ ဒေသကြီးအစိုးရက ဧရာဝတီတိုင်း မြို့နယ်(၂၆)မြို့နယ်မှာရှိတဲ့ ကျေးရွာစု(၃)ရွာက (၅၂)ရွာကို ရွေးချယ်ထားပါတယ်။တကယ်လို့ IPP စနစ်ကနေတဆင့် လျှပ်စစ်မီးကို
၂ နှစ်၊ ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ်အတွင်းထုတ်လုပ်နိုင်မယ်ဆိုရင်တော့ ကျေးရွာ ၅၂ ရွာသာမက ဒီဒေသမှာရှိတဲ့ အခြား အသေးစားအလတ်စားစက်မှုလုပ်ငန်းများနဲ့အခြား
စီးပွားရေးလုပ်ငန်းများကိုပါ လျှပ်စစ်မီးပေးနိုင်မှာဖြစ်ပါတယ်” ဟု ဦးဝင်းဌေးကပြောခဲ့သည်။

လတ်တလောတွင် အစိုးရသည် ဒေသကြီးရှိ စွမ်းအင်ကဏ္ဍတွင် လျှပ်စစ်ကုမ္ပဏီများနှင့်စာချုပ်ချုပ်ဆိုမှုမရှိသေးပေ။ သို့သော်လည်း လျှပ်စစ်ထုတ်လုပ်မှုလေ့လာရာတွင်ပါ
ဝင်သော ကုမ္ပဏီ ၃ခု ရှိသည်။

လက်ရှိအစိုးရလက်ထက်တွင် လျှပ်စစ်ထုတ်လုပ်မှုအတွက် အမျိုးမျိုးသောရွေးချယ်မှုများနှင့်ပတ်သတ်၍ အစိုးရထံချဉ်းကပ်လာသည့် ပြည်တွင်းပြည်ပကုမ္ပဏီ အများအပြား
ရှိသည်။ သို့သော်လည်း အစိုးရသည် မည်သည့်စီမံကိန်းကိုမှ အတည်မပြုသေးပေ။