သရေ-ဒေါ့ဖဲ ဆေးခန်း ကျောက်ကြီးတွင် တရားဝင်ဖွင့်လှစ်

...

သရေ-ဒေါ့ဖဲ ဆေးခန်း ကျောက်ကြီးတွင် တရားဝင်ဖွင့်လှစ်

Burma News International, 25 Jul 2017

URL: http://www.bnionline.net/news/karen-state/item/3285-low-cost-clinic-reopened-in-kyaukkyi.html
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်း ဆေးကုသစရိတ်မတတ်နိုင်သည့် လူနာများအတွက်ရည်ရွယ်ကာ ကျောက်ကြီးမြို့ ၊ မေတ္တာရပ်ကွက်၌ သရေ-ဒေါ့ဖဲဆေးခန်းကို သရေ-ဒေါ့ဖဲ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက
ဦးဆောင်ပြီး ဇူလိုင် ၂၂ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်လိုက်သည်။

အဆိုပါဆေးခန်းကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လကတည်းက စတင်ဖွင့်လှစ်ခဲ့သော်လည်း ပြည်တွင်းတရားဝင်ဆေးဆရာဝန် လက်မှတ်(ဆမ)မရှိသူဆရာဝန်မရှိသည့်အတွက် ခေ တ္တာရပ်နားထားလိုက်ရပြီးနောက် ဇူလိုင်လ ၂၂ ရက်နေ့
တွင် တရားဝင်ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ဆေးခန်းမန်နေဂျာ စောမန်းရှင်းကပြောသည်။

ထို့အပြင် အဆိုပါဆေးခန်းဖွင့်လှစ်နိုင်ရေးအတွက် အစိုးရခွင့်ပြုချက်ရရှိရေး၊ ကျောက်ကြီးဒေသသည် ပဋိပက္ခနယ်မြေဖြစ်သည့်အတွက် နိုင်ငံခြားသားစေတနာ့ဝန်ထမ်းများ လာရောက်ခွင့်ရရှိရေးစသည့် အပိုင်းများကို ညှိနှိုင်းလုပ်ဆောင်မှု
ဖြင့်ပါဝင်ကူညီပေးခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသားရေးရာကော်မတီဥက္ကဌက ဖြည့်စွက်ပြောကြားခဲ့သည်။

၎င်းဆေးခန်းကို အမေရိကန်နိုင်ငံရှိ ခရိယာန်သာသနာပြုအလှူရှင်များနှင့် Earth Mission Asia Foundation အဖွဲ့မှ ထောက်ပံ့ကူညီမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကာ ရေရှည်ရပ်တည်ရေးအတွက် ဆေးလာရောက်ကုသသည့် လူနာများထံမှ တတ်
နိုင်သည့် စရိတ်ဖြင့်သာ ရေရှည်ရပ်တည်သွားရန် ရည်ရွယ်ကြောင်း ဆေးခန်းတာဝန်ရှိသူများက ပြောသည်။

အဆိုပါဆေးခန်းတွင် လက်ရှိ ပြည်တွင်းဆရာဝန် ၃ ဦးအပါအဝင် ဝန်ထမ်း ၁၁ဦး နှင့် ပြည်ပစေတနာ့ဝန်ထမ်း နိုင်ငံခြားသားလုပ်အားပေးသူများလည်းရှိကာ စတင်ဖွင့်လှစ်ခဲ့သည့် တစ်နှစ်ကျော်ကြာ အချိန်မှ အခုလိုတရားဝင်ဖွင့်လှစ်နိုင်ခြင်း
ဖြစ်ကြောင်း ဆေးခန်းတာဝန်ရှိသူများထံမှ သိရသည်။