၂၀၃၀ ခုနှစ်တွင် အိပ်ရာ(၁)သန်းကျော်ထိရောက်ရှိရန် ဝန်ကြီးဌာန ရည်မှန်းထား
Myanmar Times, 10 Mar 2017
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ၂၀၃၀ ခုနှစ်တွင် အိမ်ရာအလုံး(၁)သန်းထိ အကောင်အထည်ဖော်နိုင်ရန်အတွက် စီစဉ် နေပြီဖြစ်ကြောင်း အစိုးရ၏ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းအရ သိရှိရသည်။
စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး ငါးနှစ်အတွင်းအကောင်အထည်ဖော်ရန် ရည်မှန်းထားသည်။
စီမံကိန်းသည် ပထမငါးနှစ်အတွင်းရောက်ရှိနေပြီဖြစ်သောကြောင့် အစိုးရအနေဖြင့် ဆောက်လုပ်မှုသည် ခန့်မှန်းခြေအားဖြင့် ငါးနှစ်လျှင်တစ်ကြိမ် အိမ်ရာအလုံး(၃၀၀, ၀၀၀)ခန့် ပြီးစီးသင့်သည်။
“ ဒါပေမယ့် ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်မှာ ဆောက်လုပ်ရေးက သတ်မှတ်ချက်အတိုင်းမရောက်ရှိခဲ့ပါဘူး " ဟု Myanmar Construction Entrepreneur Association (MCEA) ၏ ဥက္ကဌဖြစ်သူ
ဦးသာဌေးက ပြောခဲ့သည်။
" ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၃၀ ခုနှစ်ကျရင် အိမ်ရာ(၁)သန်း အကောင်အထည်ဖော်ပြီးစီးမယ်လို့ သူတို့ကြေငြာခဲ့ပေမယ့် ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ သတ်မှတ်ထားတဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။
ဒီစီမံကိန်းအတွက် ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရဆီက ဘတ်ဂျက်ကို အသုံးပြုခဲ့တာပါ။ ဒါပေမယ့် သတ်မှတ်ထားတဲ့အတိုင်း မရောက်ရှိခဲ့ပါဘူး ဟု သူကပြောခဲ့သည်။
အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ သို့သော် ယခုအခါ လက်ရှိ အစိုးရသည် စီမံကိန်းအကြောင်းကိစ္စအတွက် နည်းဗျူဟာ
သစ်ရှိနေပြီဖြစ်ကြောင်းဦးသာဌေးကပြောခဲ့သည်။
ရန်ကုန်တွင်နေထိုင်သူအများအပြားအတွက် အိမ်ငှားရမ်းခြင်းကိစ္စသည် အခက်အခဲတစ်ရပ်ဖြစ်သည်။ လာမည့် အိမ်ခြံမြေဝန်ဆောင်မှုဥပဒေသည် အခြေအနေများကို ပြောင်းလဲနိုင်ကြောင်း မြန်မာ့
အိမ်ခြံမြေဝန်ဆောင်မှုအဖွဲ့(MRESA)မှ အတွင်းရေးမှူးဖြစ်သူ ဒေါ်မို့မို့အောင်ကပြောသည်။