သင်္ကန်းညီနောင် ဓာတ်အားခွဲရုံတည်ဆောက်ပြီးပါက နေရာ(၅)ခုသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည်

...

သင်္ကန်းညီနောင် ဓာတ်အားခွဲရုံတည်ဆောက်ပြီးပါက နေရာ(၅)ခုသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည်

Karen News, 25 Aug 2017

URL: HTTP://KARENNEWS.ORG/2017/08/NEW-SUB-STATION-EXPECTED-TO-LIGHT-UP-KAREN-STATE-VILLAGES.HTML/
ကရင်ပြည်နယ်၊ သင်္ကန်းညီနောင် ဓာတ်အားခွဲစက်ရုံတည်ဆောက်ပြီးစီးပါက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ စုကလိ၊ ဝေါလိမြိုင်ဒေသများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဟု
ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုအင်ဂျင်နီယာချုပ် ပြည်နယ်မှူး ဦးသိန်းရွှေက ကေအိုင်စီသို့ ပြောသည်။

၎င်းက “၂၃၀ ကေဗီ မော်လမြိုင်ဓာတ်အားခွဲစက်ရုံကနေ ၉၅ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးနေပြီဖြစ်တဲ့ သင်္ကန်းညီနောင်ဓာတ်အားခွဲစက်ရုံမှတဆင့် မြဝတီ၊ ကော့ကရိတ်၊ကျုံဒိုး၊ စုက
လိ၊ ဝေါ
လေမြိုင်ကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့ကို ဆောင်ရွက်နေတယ်။ ဒီနှစ်အတွင်းမှာတော့ မြိုင်ကြီးငူကို ၂၄ နာရီ မီးရရှိဖို့ ဆောင်ရွက်နေပြီ ” ဟု ပြောခဲ့သည်။

ပြည်နယ်အတွင်း ဘားအံမြို့တွင် ဓာတ်အား ၁၆ မီဂါဝပ် ၊ လှိုင်းဘွဲ့မြို့နယ်တွင် ၂.၃ မဂ္ဂါဝပ်ဖြန့်ဖြူးပေးလျှက်ရှိပြီး ကော့လုံကျွန်းမှတဆင့် ကမမောင်း၊ ဖာပွန်သို့လည်းကောင်း၊ လာမည့်
၅နှစ် စီမံကိန်းတွင် ကော့ကရိတ် တောင်ကြာအင်းမှ ကြာအင်းဆိပ်ကြီး၊ မုဒုံချောင်းနှစ်ခွမှ ကြာအင်းဆိပ်ကြီးသို့ ၃၃/၁၁ ဓာတ်အားခွဲရုံ တည်ဆောက်ရန်လျာထားသည်ဟု ပြည်နယ်တာ
ဝန်ရှိသူထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တပြည်လုံးအတိုင်းအတာအနေဖြင့် အိမ်ထောင်စု ၃၀၈၀၀၀ ရှိရာ အလင်းရောင်ရရှိရန် ဖယောင်းတိုင်မီး ၄၅.၂ ရာခိုင်နှုန်း
အများဆုံး အသုံးပြုနေကြပြီး လျှပ်စစ်မီး သုံးစွဲမှု ၃၂.၄ ရာခိုင်နှုန်းရှိပြီး အစိုးရမဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးအသုံးပြုမှု ၂၆.၉ ရာခိုင်နှုန်းသာ အသုံးပြုနိုင်သေးသည်ဟု အစီရင်ခံစာ
တွင် ဖော်ပြထားသည်။

ထို့အပြင် ကရင်ပြည်နယ်၊ မြို့နယ် ၇ ခုတွင် ဘားအံ၊ လှိုင်းဘွဲ့၊ ဇာသပြင်၊ သံတောင်ကြီး၊ သံတောင်လေး၊ ဘောကလိမြို့အနီး ကျေးရွာများတွင်သာ မဟာဓာတ်အားလိုင်း ဖြန့်ဖြူးဆောင်
ရွက်ပေးနိုင်သေးသည်ဟု ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ သိရသည်။