ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မည်ဟု ဝန်ကြီးချုပ်ပြောကြား

Eleven Myanmar, 16 Jan 2018
URL: http://www.elevenmyanmar.com/local/13156
ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများမှာ မယုံကြည်နိုင်လောက်အောင် ဖွံ့ဖြိုးမှုအားနည်းနေသည်ကို တွေ့ရသည့်အတွက် လာမည့်ဘတ်ဂျက်နှစ်တွင် ဖွံ့ဖြိုးရေးအတွက် ထည့်သွင်းရေးဆွဲပြီး ဆောင်ရွက်ပေးသွား
မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။
“ပြီးခဲ့တဲ့အပတ်က ကျွန်မ ကျွန်းစုမြို့နယ်ကို သွားခဲ့တယ်။ ကျေးရွာ ၄ ရွာလောက်ရောက်ခဲ့တယ်။ ဒီရွာတွေမှာ အလွန်အံ့မခန်းဖွံ့ဖြိုးမှုအားနည်းနေတာ တွေ့ရတယ်။ ကျွန်မစိတ်ထဲမှာ ယုံတောင်မယုံနိုင်ပါဘူး။ တ
ချို့ကျောင်းလေးတွေဆို ပြိုကျပြဲကျနေတယ်။ ပင်လယ်ရွာတချို့ပါ ကုန်းတွင်းပိုင်းရွာတွေမဟုတ်ပါဘူး။ တိုးတက်မှုအပိုင်းအတော်လေးကို အားနည်းနေတဲ့အတွက် ကျွန်မတို့တိုင်းဒေကြီးအစိုးရအနေဖြင့် လာမယ့်
ဘတ်ဂျက်နှစ်မှာ လျာထားပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ဆောင်ပေးမယ်လို့ ရည်ရွယ်ထားပါတယ်။ နောင်နှစ်တွေမှာလည်း ဖွံ့ဖြိုးမှုအားနည်းတဲ့ ကျေးရွာတွေကို သွားရောက်ပြီး ဘတ်ဂျက်မှာ ထည့်သွင်းရေးဆွဲပေးဖို့
စီစဉ်ထားပါတယ်” ဟု ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
တိုင်းဒေသကြီးအစိုးရအနေဖြင့် ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ရမည့်အစား ယခင်အစိုးရလက်ထက်က လုပ်ခဲ့သည့် ချေးငွေများအတွက် အတိုးပေးနေရသည့်ငွေများကို ဆပ်နေရသည်မှာလည်း အခက်အခဲများစွာ
ဖြစ်နေကြောင်း သိရသည်။
ကျွန်းစုမြို့နယ်သည် ငါးသံယံဇာတများစွာ ထွက်ရှိသော်လည်း လုပ်ငန်းရှင်ကြီးများက အလွန်အကျွံ ထုတ်ယူသုံးစွဲမှုကိုသာ ခံနေပြီး ငါးစျေးကွက်မှာလည်း မြန်မာနိုင်ငံတွင် တည်ရှိမနေကြောင်း သိရသည်။