(၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး ငွေကျပ်သိန်း (၅၀ဝ) ကျပ် မွန်ပြည်နယ်အစိုးရထောက်ပံ့

...

(၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး ငွေကျပ်သိန်း (၅၀ဝ) ကျပ် မွန်ပြည်နယ်အစိုးရထောက်ပံ့

Burma New International, 22 Jan 2018

URL: https://www.bnionline.net/en/news/mon-state-govt-allocates-ks-50-million-71st-mon-national-day-ceremonies
တပို့တွဲလဆုတ် ၁ ရက်(၁-၂-၁၈) နေ့တွင် ကျင်းပပြုလုပ်မည့် (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပ ရေး မွန်ပြည်နယ်အစိုးရ အဖွဲ့က ရန်ပုံငွေ
ကျပ်သိန်း (၅၀ဝ) ထောက်ပံ့ပေးကြောင်း သိရသည်။

“မွန်ပြည်နယ်အစိုးရကနေပြီး စုစုပေါင်း သိန်း (၅၀ဝ) ထောက်ပံ့ပေးမယ်။ ဒီ သိန်း (၅၀ဝ) ထဲမှာ ဗဟိုက အာလုံးရတာ မဟုတ်ဘူး။ အဲထဲမှာ မြို့နယ်တစ်
ခုကို သိန်း (၂၀)လျာထားတယ်” ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း
က ပြော သည်။

မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်မှအပ ကျန် (၉) မြို့နယ်တွင် ကျင်းပမည့်မွန်အမျိုးသားနေ့အခမ်းအနားအတွက် မြို့နယ်တခုကို ငွေကျပ်သိန်း (၂၀)စီ နှင့်
ဗဟိုအ ခမ်းအနား ကျင်းပရေးအတွက် (၃၂၀)သိန်း အသုံးပြုသွားရမည်ဟု ဝန်ကြီးက ဆိုပါသည်။

အလားတူ ကရင်ပြည်နယ်အစိုးရထံမှ မွန်အမျိုးသားနေ့ (ဗဟို)အခမ်းအနားအတွက် ငွေကျပ်သိန်း(၁၀ဝ) ထောက်ပံ့ပေးကြောင်း သိရသည်။

ဒီနှစ်(၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟို အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင် ကျေးရွာ တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယမန်နှစ်ကျင်းပပြုလုပ်ခဲ့သည့်(၇၀)ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် မွန်ပြည်နယ်အစိုးရက ငွေကျပ် (၁၅၀) သိန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။