၂၀၂၁ တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှစ်ဆတိုးမည်ဟု ဆို

...

၂၀၂၁ တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှစ်ဆတိုးမည်ဟု ဆို

The Irrawaddy, 01 Feb 2018

URL: https://www.irrawaddy.com/news/asia/myanmar-double-electricity-capacity-2021-fill-power-shortages.html
စွမ်းအင် ငတ်မွတ်နေသော မြန်မာနိုင်ငံသည် ဓာတ်အားမလုံလောက်မှုများကို ဖြေရှင်းရန် ရည်မှန်းချက်ကြီးမားသော အစီအစဉ်အနေဖြင့် သဘာ၀ ဓာတ်ငွေ့သုံး
ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီး ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုကို ၂ ဆ တိုးမြှင့်သွားရန် စီစဉ်နေသည်ဟု အဆင့်မြင့်အရာရှိ ၂ ဦးက
Reuters သတင်းဌာနသို့ ပြောသည်။

နိုင်ငံလူဦးရေ သန်း ၆၀ ၏ ၃ ပုံ ၁ ပုံသာလျှင် မဟာဓာတ်အား လိုင်းနှင့် ချိတ်ဆက် အသုံးပြုနိုင်ကြပြီး မြို့ကြီးများတွင် မကြာခဏ မီးပြတ်တတ်သော မြန်မာနိုင်ငံ
သည် အလွန်လိုအပ်နေသော ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် ဓာတ်အားထုတ်လုပ်မှု တိုးမြှင့ရန် လိုအပ်နေသည်။

အမေရိကန် ဒေါ်လာ ၅.၁၆ ဘီလီယံ အသုံးပြုပြီး ၂၀၂၁ ခုနှစ် မတိုင်မီ ဓာတ်ငွေ့သုံး စက်ရုံ ၄ ရုံကို မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ဆောင်မည်ဖြစ်သည်ဟု လျှပ်
စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိ ၂ ဦးကပြောသည်။

ထိုစက်ရုံများသည် ဓာတ်အားထုတ်လုပ်မှုကို ၃၁၀၀ မဂ္ဂါဝပ် ထပ်မံ တိုးမြှင့်ပေးမည်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်မှု ၃၀၀၀ မဂ္ဂဝပ် နှင့် ပေါင်းလျှင် ၂ ဆတိုးလာမည်ဖြစ်
သည်။

“၂၀၂၁ ခုနှစ်ကိုရောက်ရင် နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ လောက်လိုလာမယ်။ ဒါကြောင့် လိုအပ်ချက်ကို ပြည့်မီအောင် ကျနော်တို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်” ဟု
စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်ကပြောသည်။
မြန်မာနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ၄ ဆကျော်တိုးမြှင့်ရန် ရည်ရွယ်ထားသော်လည် ထိုရည်မှန်း ချက် အောင်မြင်ရေးမှာ မလွယ်ကူ
လှပေ။