(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းသည် လက်နက်ချခြင်းမဟုတ် NMSP ပြောကြား

...

(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းသည် လက်နက်ချခြင်းမဟုတ် NMSP ပြောကြား

The Irrawaddy, 01 Feb 2018

URL: https://www.irrawaddy.com/news/burma/nmsp-says-pledge-sign-peace-deal-not-agreement-lay-arms.html
တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခတ်မှုသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းသည် လက်နက်ချခြင်းမဟုတ်သလို ရည်မှန်းချက်ပန်းတိုင်လည်းမဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပသည့် ၇၁
ကြိမ်မြောက် မွန်အမျိုးသား နေ့တွင် မွန်ပြည်သစ်ပါတီ NMSP က ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးဆွေးနွေးပွဲတွင် တက်လှမ်းရန်နှင့် ၂၀ဝ၈ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရန် အခွင့်အလမ်းတစ်ခုမျှသာဖြစ်ကြောင်း ဒီမိုကရေစီ အရေး၊ အမျိုးသားတန်တူးရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်
ထောင်စု တည် ဆောက်နိုင်ရေးသည်သာ ၎င်းတို့ ရည်မှန်းချက်ပန်းတိုင်ဖြစ် ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်းတိို့၏ ရည်မှန်းချက်အတိုင်း ဘဝတူလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင် အားစုများ၊ နိုင်ငံရေးပါတီများတို့နှင့် အတူတကွလက်တွဲ၍ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆက်လက်
တိုက် ပွဲဝင်သွားမည်ဖြစ် ကြောင်း ဆိုသည်။

ထို့ပြင် အစိုးရနှင့် တပ်မတော်တို့အနေဖြင့် နိုင်ငံငြိမ်းချမ်းစေရေးအတွက် စစ်ရေးနည်းနှင့် အင်အားသုံးဖြေရှင်းခြင်း မပြုဘဲ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးနှင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးရ
သည်အထိ စိတ်ရှည်လက်ရှည်ထားပြီး ဆက်လက်တွေ့ဆုံဆွေးနွေးညှိနှိုင်းသွားရန်ကို မွန်ပြည်ပါတိီက တိုက်တွန်းထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးရန် ၂၀၁၇ ခုနှစ်အတွင်းက အရေးပေါ်အစည်းအဝေး နှစ်ကြိမ်ခေါ်ယူခဲ့ကာ နိုင်ငံရေးဆွေးနွေးပွဲတက်လှမ်းနိ်ုင်ရေးအတွက် လာမည့် ဖေဖော်ဝါရီလလယ်ခန့်တွင် တစ်နိုင်ငံလုံး
အပစ်ခတ်တိုက်ခတ်မှုသဘောတူ စာချုပ် (NCA) ကို လက်မှတ်ထိုးနိုင်ရန် စီစဉ်လျက်ရှိသည်။