ကရင်နိုင်ငံရေးပါတီလေးခုကို ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအဖြစ်ပေါင်းစည်းလိုက်ပြီ

...

ကရင်နိုင်ငံရေးပါတီလေးခုကို ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအဖြစ်ပေါင်းစည်းလိုက်ပြီ

The Myanmar Times, 06 Feb 2018

URL: https://www.mmtimes.com/news/four-political-parties-merge-kayin-state.html
ကရင်ပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီ ၄ ပါတီ ပူးပေါင်းကာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(Karen National Democratic Party-KNDP)ဟူသော အမည်သစ်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ထံ မှတ်ပုံတင်ထားသည်ဟု ကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကြိုးပမ်းနေသူများက ဖေဖော်ဝါရီလ ၂ရက်နေ့တွင် မြန်မာတိုင်း(မ်)သို့ ပြောသည်။

"ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ပြီ။ ပါတီအလံ၊ တံဆိပ်တွေရွေးပြီးပြီ ။ လိုအပ်ချက်လေးနည်းနည်းလေးရှိနေသေးတယ်။ တရားဝင်စာထွက်လာဖို့ပဲ ကျန်တော့တာ"ဟု ကရင်နိုင်ငံရေးပါတီများပေါင်းစည်းရေးကြိုးပမ်းနေသူ မန်းအောင်ပြည်စိုးက ပြော သည်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
(KSDDP) တို့ ပေါင်းစည်းမည်ဖြစ်သည်။

ကရင်ပြည်နယ် အခြေစိုက် ၄ ပါတီ ဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)၊ ကရင်ဒီမို ကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အပြင် ရန်ကုန်တွင် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ဧရာဝတီတွင် ကရင် အမျိုးသားပါတီ (KNP) စသည့် ကရင်နိုင်ငံရေးပါတီစုစုပေါင်း ၆ ပါတီရှိသည်။

တစ်ပါတီတည်းအဖြစ်ပေါင်းစည်းရေးအတွက် ကရင်တိုင်းရင်းသားများ၏ ဖိအားပေးမှုကြောင့် ၂၀၁၂ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ကြသည်။ ပြည်မမှာရှိတဲ့ ပါတီနှစ်ခုနှင့် ပါတီပေါင်းစည်းရေးအတွက်
ဆွေးနွေးညှိနှိုင်း မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ သော်လည်း ညှိနှိုင်းမှုအဆင်မပြေသည့်အတွက် ပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီများ ပေါင်းစည်းလိုက် ခြင်းဖြစ်သည်ဟု မန်းအောင် ပြည်စိုးက ဆိုသည်။

လက်ရှိတွင် ပေါင်းစည်းရန်သဘောတူထားသည့် ပါတီ လေခုမှ ခေါင်းဆောင် ငါးဦးစီရွေးချယ်ကာ ပါတီအသစ်အတွက် မူဝါဒ၊စည်း မျဉ်းများကို ရေးဆွဲလျက်ရှိပြီး လာမည့် ရွေးကောက်ပွဲအောင်နိုင်ရေး မူဝါဒများရေးဆွဲလျက်ရှိသည်ဟု ၎င်းက ဆိုသည်။