မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတွင် လျှပ်စစ်မီး ဖက်စပ်လုပ်ဆောင်ရန် မြန်မာအစိုးရမှ မီးစိမ်းပြ

...

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတွင် လျှပ်စစ်မီး ဖက်စပ်လုပ်ဆောင်ရန် မြန်မာအစိုးရမှ မီးစိမ်းပြ

The Irrawaddy, 08 Mar 2018

URL: https://www.irrawaddy.com/news/burma/govt-greenlights-electricity-joint-ventures-mon-state-bago-region.html
ပင်မဓာတ်အားလိုင်းနှင့်ချိတ်ဆက်မှုမရှိသည့် ဒေသများဆီသို့ လျှပ်စစ်မီးပေးဝေနိုင်ရန်အတွက် နိုင်ငံခြားမိတ်ဖက်များပါဝင်သည့် ဖက်စပ်လုပ်ငန်း(၂)နှစ်ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က
ခွင့်ပြုလိုက်ပြီဖြစ်သည်။

“တစ်ခုက ရေးမြို့နယ်မှာရှိတဲ့ အိမ်ထောင်စုတွေနဲ့ နောက်တစ်ခုကတော့ ပဲခူးတိုင်းမှာရှိတဲ့ စက်မှုလုပ်ငန်းတစ်ခု ဖွံ့ဖြိုးဖို့အတွက်ပါ ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်
ကြားရေးမှူးချုပ်ဖြစ်သူ ဦးသန်းအောင်ကျော်က တနင်္လာနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီနှင့် စင်ကာပူ-ထိုင်း-မြန်မာဖက်စပ်လုပ်ငန်းသည် မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကျေးရွာများကို လျှပ်စစ်မီးပေးရန်အတွက် စာချုပ်ရရှိခဲ့သည်။ DICA ၏ပြော
ကြားချက်အရ ၂၆ ဘီလီယမ်ကျပ် တန်ဖိုးရှိသည့် စီမံကိန်းသည် ဒီဇယ်မီးစက်နှင့်အတူ ၁၀မီဂါဝပ် လျှပ်စစ်မီးကို နေ့စဉ် ထုတ်လုပ်ပေးမည် ဖြစ်သည်။ စင်ကာပူနှင့် ထိုင်းမိတ်ဖက်များသည် လုပ်ငန်းတွင်
၃၃ ရာခိုင်နှုန်းကိုင်ထားမည်ဖြစ်ပြီး ပြည်တွင်းမိတ်ဖက်များမှ ၃၄ ရာခိုင်နှုန်း ကိုင်ထားမည်ဖြစ်သည်။

နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းသည် အများစု ၎င်းတို့နေထိုင်သည့်ကျေးလက်ဒေသများတွင် ပင်မဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှုမရှိသေးပေ။၂၀၁၄ ခုနှစ် နိုင်ငံတော်သန်းခေါင်စာရင်း ကောက်ယူမှုစစ်
တမ်းအရ မြို့ပြလူဦးရေ ၇၇.၅ ရာခိုင်နှုန်းသည် လျှပ်စစ်မီးသုံးစွဲနိုင်သော်လည်း ကျေးလက်ဒေသများတွင် (၁၄.၉)ရာခိုင်နှုန်းသည်သာ လျှပ်စစ်မီးသုံးစွဲနိုင်သည်။