အာမခံ၊ ချေးငွေနှင့် လျှပ်စစ်ကဏ္ဍများတွင် ဂျပန် ကူညီမည်

...

အာမခံ၊ ချေးငွေနှင့် လျှပ်စစ်ကဏ္ဍများတွင် ဂျပန် ကူညီမည်

Mizzima, 16 Mar 2018

URL: http://www.mizzima.com/business-domestic/japan-contribute-insurance-loan-and-electricity-sectors
ဂျပန်မှ မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာမခံ၊ ချေးငွေနှင့် လျှပ်စစ်ကဏ္ဍများ၌ ကူညီမည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ ထုတ်ပြန်သည့်အစီရင်ခံစာကို ကိုးကား၍ နိုင်ငံပိုင် ပြည်တွင်းသတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Tateshi Higuchi မှ ဂျပန်ဝန်ကြီးချုပ် ရှီဇိုအာဘေးပို့ပေးလိုက်သည့် ကတိပြုစာလွှာကို မြန်မာ-ဂျပန် ပူးတွဲစီးပွားရေးလုပ်ဆောင်မှုညီလာခံတွင်
ဖတ်ကြားခဲ့သည်။

ဂျပန်-မြန်မာစီးရေးကော်မတီဥက္ကဌ Ken Kobayashi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ဂျပန်စီးပွားရေးသမား(၅၀) နှင့် UMFCCI တို့မှ တတိယအကြိမ် မြန်မာ-ဂျပန်ပူးတွဲစီးပွားရေး
လုပ်ဆောင်မှုညီလာခံကို မတ်လ(၁၃)ရက်နေ့တွင် UMFCCI ရုံး၌ ပူးတွဲ ကျင်းပခဲ့သည်။