ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာ

...

ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာ

Myanmar Times, 22 Mar 2018

URL: https://www.mmtimes.com/news/u-t-khun-myat-elected-speaker-pyithu-hluttaw.html
လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော် ဥက္ကဌနေရာအတွက် ယခင်က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးတီခွန်မြတ်ကို ဒီကနေ့ ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် မဲခွဲပြီး ရွေးချယ်တင်မြှောက်လိုက်သည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌအဖြစ် NLD အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန်ကို ရွေးချယ်တင်မြှောက်လိုက်သည်။

ဦးတီခွန်မြတ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဖြစ်ပြီး ၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် USDP ပါတီမှ နှုတ်ထွက်ခဲ့သည်။

ကချင်တိုင်းရင်းသား ဦးတီခွန်မြတ်သည် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ ဇာတိဖြစ်သလို ရန်ကုန် ဝိဇ္ဇာ္သိပ္ပံ တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သူဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။