နိုင်ငံတော်သမ္မတသစ်အဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်တင်မြှောက်

Myanmar Times,, 28 Mar 2018
URL: https://www.mmtimes.com/news/third-update-parliament-proclaims-u-win-myint-new-myanmar-president.html
ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်အား နိုင်ငံတော် သမ္မတ ရာထူးပေးရန် ပြည်ထောင်စုလွှတ် တော်ကိုယ်စား လှယ် ၄၀၃ ဦးကမဲပေးခဲ့ကြသည်။
မတ်လ ၂၈ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ သတ္တမပုံမှန်အ စည်းအဝေး ၂၀ ရက်မြောက်နေ့တွင် မဲပေးခဲ့ကြခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်နှင့် ယှဉ်ပြိုင် ခဲ့သော ဒုတိယသမ္မတ နှစ်ဦးရှိပြီး ၎င်းတို့မှာ လက်ရှိ ဒုတိယ သမ္မတများဖြစ်ကြသည့် ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေနှင့် ဒုတိယသမ္မတ
၂ ဦးဟင်နရီဗန်ထီးယူ တို့ဖြစ်သည်။
နိုင်ငံတော် သမ္မတရွေးချယ်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယသမ္မတ ၂ ဦးဟင်နရီ ဗန်ထီးယူတို့ တက်ရောက်ခဲ့ကြပြီး ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ
တက်ရောက်ခြင်း မရှိခဲ့ပေ။
နိုင်ငံတော် သမ္မတရွေးချယ်ရန်အတွက် ပြည်ထောင်စု လွှတ် တော် ကိုယ်စားလှယ် ၆၃၆ ဦးတက်ရောက်ခဲ့ကြပြီး ဦးဝင်းမြင့်အား လွှတ်တော်ကိုယ်စားလှယ် (၄၀၃)ဦးက နိုင်ငံတော်သမ္မတ အဖြစ် မဲပေးရွေးချယ်ခဲ့သည်။ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေမှာ (၂၁၁) မဲရရှိခဲ့ပြီး ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူမှာ (၁၈) မဲရရှိခဲ့သည်။ ပယ်မဲ ၄ မဲရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။