ဧရာဝတီဘဏ်တွင် အိမ်ရာ အရစ်ကျ စနစ်ဖြင့် တိုက်ခန်းများ၊ကွန်ဒိုများနှင့် အိမ်ခြံမြေများ ဝယ်ယူ နိုင်မည်

...

ဧရာဝတီဘဏ်တွင် အိမ်ရာ အရစ်ကျ စနစ်ဖြင့် တိုက်ခန်းများ၊ကွန်ဒိုများနှင့် အိမ်ခြံမြေများ ဝယ်ယူ နိုင်မည်

Myanmar Times, 01 Apr 2018

URL: https://www.mmtimes.com/news/aya-bank-launches-home-loan-plans.html
ဧရာဝတီဘဏ်၏ အိမ်ရာအရစ်ကျစနစ်ဖြင့် တိုက်ခန်းများ၊ ကွန်ဒိုများနှင့် အိမ်ခြံမြေများ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ယင်းဘဏ်မှ သိရသည်။ ဧရာဝတီဘဏ်၏ အိမ်ရာအရစ်ကျဝယ်ယူရေး အစီအ စဉ်များမိတ်ဆက်ပွဲကို၂ဝ၁၈ခုနှစ် မတ်လ (၃၁) ရက်မှ ဧပြီလ (၂) ရက်၊အထိ သုံးရက်ကြာ ရန်ကုုန်မြို့ရှိ နိုဗိုတယ် ရန်ကုန် မက်(စ်) ဟိုတယ်၊ ရန်ကုန် ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

''သိန်း ၂ဝဝကနေ သိန်း ၁ဝဝဝအတွင်း ၁၄၁၅ ခန်းလောက်ရှိတယ်။ ၁၂ဝဝကနေ သိန်း ၂ဝဝဝ ကြားထဲကို ၉၅ဝ လောက် ရှိပါတယ်။ ကျန်တဲ့ဟာတွေက ကွန်ဒိုတွေ။ စုစုပေါင်း ၃၅ဝဝကနေ ၄ဝဝဝလောက်အထိ ဒီတစ်ခေါက် ရှိပါတယ်''ဟု အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့် ဇော်က ပြောကြားသည်။

ဧရာဝတီဘဏ်သည်အများ ပြည်သူတစ်ဦးချင်းစီအကြိုက် အသင့်လျော်ဆုံးသော အိမ် ရာအရစ်ကျ ဝယ်ယူပိုင်ဆိုုင်နိုင်သောအစီအ စဉ်တွင် ပုံမှန်အတည်တကျ ဝင်ငွေရှိသူအ သက်(၂ဝ)နှစ်နှင့်
အထက် မြန်မာနိုင်ငံ သားအားလုံးဝင်ရောက်လျောက်ထားနိုင် မည်ဖြစ်ကြောင်း သိရသည်။ဧရာဝတီဘဏ်သည် အများပြည်သူ ကြိုက်နှစ်သက်၍ရွေးချယ်ထားသောအိမ်ရာများ ကိုတစ်ကြိမ်တည်း
နှင့် ငွေအလုံးအရင်းပေးရန်မလိုပဲ ၎င်းတို့ တစ်ဦးချင်းစီအလိုက် သင့်လျော်သောအရစ် ကျငွေ ချေစနစ်များကိုစီမံပေး၍ လစဉ်ငွေအရစ်ကျပေးသွင်းနေစဉ် တပြိုင်တည်းမှာပင် အိမ်ပေါ်တွင်စတင်
နေထိုင်နိုင် ရန်စီစဉ်ထားကြောင်း သိရသည်။ထို့အပြင်၊ ဧရာဝတီဘဏ်နှင့်ဘဏ်၏မိတ်ဖက်အိမ်ရာပြခန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ အိမ်ခြံမြေအကျိုးဆောင်များက ထိုက်တန်သော အိမ်ရာအရစ်ကျပမာဏ နှင့် ယင်းပမာဏအတွင်းမှ ပိုင်ဆိုင်လိုသော အိမ်ကို ရွေးချယ်နိုင်ကြောင်းနှင့် ဘဏ်၏ မိတ်ဖက်များထံမှမဟုတ်ပဲ၊ ပြင်ပလက်ရှိအိမ်ခြံ မြေစျေး ကွက်ထဲမှ သင့်လျော်နှစ်သက်ရာအိမ်ရာများကိုလည်း ရွေးချယ်ပိုင်ခွင့်ရှိကြောင်း သိရသည်။

အိမ်ရာအရစ်ကျဝယ်ယူရာတွင် စရန်ငွေ (၃ဝ) ရာခိုုင်နှုန်း နှင့် အတိုးနှုန်း (၁၃) ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး ၊ ဝယ်ယူသူများ အနေနှင့် (၁၅) နှစ်သက်တမ်းကြာသည်အထိအရစ်ကျပေးချေနိုင်ကြောင်း
သိရသည်။ လစဉ်အရစ်ကျပေးချေခြင်းမှာ Amortization (ခေါ်) အရစ်အလိုက် အတိုးငွေပမာဏလျော့ချပြီး၊ သက်တမ်းစေ့ချိန်တွင် အတိုးအရင်းပါပေး ချေပြီးခြင်းစနစ်ဖြစ်သည်။ အတိုးငွေပမာဏ
သည် ပေးချေရန်လက်ကျန်ငွေ ပမာဏအပေါ်တွင်သာ လစဉ်တွက်ချက် သွားမည်ဖြစ်သည်။

မှန်ကန်သောစာရွက်စာတမ်းများ၊ ဝယ်ယူလိုသည့်အိမ်ရာ၏ အမည်ပေါက်ရှင်းလင်းမှု၊ လျှောက်ထားသူ၏ ငွေရေး ကြေးရေးဆိုင်ရာစွမ်းဆောင်ရည် (သို့) စီးပွားရေးဆိုင်ရာစွမ်းဆောင်ရည်စသည်တို့
အပေါ်တွင် အခြေခံလျက် ၊ စာရွက်စာတမ်းများနှင့်အတူလျှောက်လွှာတင်ပြီးနေ့မှစတင်၍ သီတင်း (၂) ပါတ် မှ (၃) ပါတ်အတွင်းတွင် လျှောက် ထားသူသည် ဝယ်ယူလိုသည်အိမ်ရာအတွက် ချေးငွေ အမျိုးအစားပေါ်မူ တည်၍ချေးငွေရသည်၊ မရသည် နှင့် ချေးငွေပမာဏတို့ကို အကြောင်းကြားသွားမည်ဖြစ်သည်။