ဧရာဝတီတိုင်းတွင် ဘက်စုံသုံးအမိုးအကာအဆောက်အဦးအလုံး(၅၀)ကျော် ယခုနှစ်တွင် ဆောက်လုပ်မည်

...

ဧရာဝတီတိုင်းတွင် ဘက်စုံသုံးအမိုးအကာအဆောက်အဦးအလုံး(၅၀)ကျော် ယခုနှစ်တွင် ဆောက်လုပ်မည်

Eleven Myanmar, 11 Apr 2018

URL: http://www.elevenmyanmar.com/local/13735
ဧရာဝတီတိုင်းဒေသကြီးတွင် ဘက်စုံသုံး အမိုးအကာအဆောက်အဦး အလုံး(၅၀)ကျော်ဆောက်လုပ်ရန် အစိုးရမှစီစဉ်နေေကြာင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်မြတ်မိုးသွင်က ပြောကြားခဲ့သည်။

“ကျွန်မတို့မှာ မုန်တိုင်းဒဏ်ခံ အဆောက်အဦးတွေကို တည်ဆောက်ဖို့အတွက် သဘာဝဘေးအန္တရာယ် ငွေကြေးရန်ပုံငွေတွေ ရှိပါတယ်။ ဒီငွေကြေးကို မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေအတွက် အသုံးပြုမှာဖြစ်ပြီး အခြားအချိန်တွေမှာလည်း ဒီအဆောက်အဦးတွေကို လူမှုသဟာယအတွက် အသုံးပြုနိုင်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

အဆောက်အဦးနေရာကို လူဦးရေအရေအတွက်အလိုက် အချိုးချသွားမည်ဖြစ်သည်။ လူဦးရေပမာဏအလိုက် အဆောက်အဦးများ၏ အမျိုးအစားနှင့်အရွယ်အစား ကွဲပြားသွားမည်ဖြစ်သည်ဟု ပြောခဲ့သည်။

“အဆောက်အအုံရဲ့ အောက်ဘက်ကိုတော့ တိရစ္ဆာန်များအတွက် အသုံးပြုမှာဖြစ်ပြီး အပေါ်ဘက်ကို လူတွေအတွက် အသုံးပြုမှာပဲဖြစ်ပါတယ်။ အဆောက်အအုံထဲမှာ အစားအစာ၊ သောက်ရေသန့်၊ သက်ကယ်ဆေးဝါးများ၊ မိုးရေလှောင်ကန်၊ မီးစက်နဲ့ လောင်စာဆီတိုင်ကီတွေကို နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ သိုလှောင်ထားမှာဖြစ်ပါတယ်။”

၂၀၁၂ ခုနှစ် စာရင်းအရ ဒေသကြီးတွင် အစိုးရနှင့်အခြားသောအဖွဲ့အစည်းများက ဆောက်လုပ်ပေးခဲ့သည့် လေမုန်တိုင်းဒဏ်ခံအဆောက်အအုံ ၃၀၀၀ ကျော်ရှိသော်လည်း မလုံလောက်သေးကြောင်း
သူမက ပြောကြားခဲ့သည်။