၅ နှစ်အတွင်း မြို့နယ်(၃၀၀)ကျော်အတွက် ဝန်ဆောင်မှုပေးမည့် အမျိုးသားကျန်းမာရေးစီမံချက်

...

၅ နှစ်အတွင်း မြို့နယ်(၃၀၀)ကျော်အတွက် ဝန်ဆောင်မှုပေးမည့် အမျိုးသားကျန်းမာရေးစီမံချက်

Eleven Myanmar, 22 Apr 2018

URL: http://www.elevenmyanmar.com/local/13778
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အမျိုးသားကျန်းမာရေးစီမံချက်(၂၀၁၇-၂၀၁၂)ကို တဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပြီး ၅ နှစ်အတွင်း မြို့နယ်(၃၀၀)ကျော်ကို လွှမ်းခြုနိုင်ရန် စီစဉ်ထားသည်။

အမျိုးသားကျန်းမာရေးစီမံချက်အောက်၌ ဝန်ကြီးဌာနသည် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် မြို့နယ် ၃၂၈ မြို့တွင် ၇၅ မြို့ကို အကောင်အထည်ဖော်ဆောင်မည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် ၈၂ မြို့နယ်၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် ၈၃ မြို့နယ်နှင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ၈၈ မြို့နယ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကောက်ခံခဲ့သည့် အခြေခံစာရင်းများအရ ၅ နှစ်အောက်ကလေးသေဆုံးမှုမှာ အယောက် ၁၀၀၀ အသက်ရှင်လျှင် မွေးကင်းစကလေး ၅၀ ဦးသေဆုံးမှုရှိသည်။

မွေးကင်းစကလေးသေဆုံးမှုမှာ အိမ်နီးခြင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် သေဆုံးမှုနှုန်းမြင့်မားနေသည်။ ၅ နှစ်အောက်ကလေးသေဆုံးမှု ၆၀ ရာခိုင်နှုန်းမှာ မွေးကင်းစကလေးများဖြစ်ကြသည်။မွေးကင်းစကလေးသေဆုံးမှုနှုန်းမှာ အမြင့်မားဆုံးဖြစ်နေသောကြောင့် ဝန်ကြီးဌာနသည် မွေးကင်းစကလေးများကျန်းမာရေးအတွက် အထူးအာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။

အမျိုးသားစီမံချက်မှ အရာရှိတစ်ဦးက “ ဒီနှစ်မှာ ဝန်ကြီးဌာနက မြို့နယ် (၇၀)ကျော်ကို ကျေးလက်ကျန်းမာရေးဌာနတွေနဲ့၊ ဌာနခွဲတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ၊ လွတ်နေတဲ့နေတွေမှာ ဝန်ထမ်းတွေပြန်ဖြည့်ဖို့အတွက် ဆေးဝါး၊ဆေးပစ္စည်းတွေနဲ့အတူ ကျန်းမာရေးဌာနတွေ ပံ့ပိုးပေးဖို့ ရွေးချယ်ထားပါတယ်။ ဒီ စီမံချက်အောက်မှာ ဝန်ကြီးဌာနက အခြေခံအဆောက်အဦးတွေနဲ့ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့ ဦးတည်ထားပြီး ဆေးဝါနဲ့ ဆေးဘက်ဆိုင်ရာကိရိယာတွေကိုလည်း ပံ့ပိုးပေးမှာဖြစ်ပါတယ်” ဟု ပြောခဲ့သည်။