အလုပ်သမားများ လုပ်ခကြေးငွေ ပိုမိုရရှိမည်

...

အလုပ်သမားများ လုပ်ခကြေးငွေ ပိုမိုရရှိမည်

Mizzima, 27 Apr 2018

URL: http://www.mizzima.com/business-domestic/labourers-receive-wage-hike
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် မေလမှစတင် ရှေ့ဆက် အလုပ်သမားများအတွက် လုပ်ခပိုမိုရရှိစေရန် ကြိုးပမ်းနေကြောင်း သိရသည်။

အနည်းဆုံးလုပ်ခကြေးငွေကို ၂ နှစ် ၁ ခါ ပြင်ဆင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် နေ့စဉ် အနိမ့်ဆုံးလုပ်ခမှ ၈နာရီအတွက် ၃၆၀၀ ကျပ်ဖြစ်သည်။အဆိုပြုထားသည့် အနိမ့်ဆုံးလုပ်ခမှာ ၄၈၀၀ ကျပ်ဖြစ်ပြီး အတည်မပြုခင်အချိန်အထိ ၃၆၀၀ ကျပ်ရရှိနေမည်ဖြစ်သည်။

ဒီမေလမှာ ပြင်ဆင်ထားတဲ့လုပ်ခကို အလုပ်သမားတွေခံစားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အစောပိုင်းက ဒီလမှာ ရရှိဖို့ ကျွန်တော်တို့ကြိုးစားနေခဲ့ပါတယ် ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောခဲ့သည်။