အစိုးရနှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘောတွေ့ဆုံ

...

အစိုးရနှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘောတွေ့ဆုံ

Eleven Myanmar, 21 Apr 2018

URL: http://www.elevenmyanmar.com/politics/13774
အစိုးရနှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဧပြီ ၂၀ရက်နှင့် ၂၁ ရက်နေ့က နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရာတွင် တစ်ဆို့မှုများကို ကျော်ဖြစ်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားထားသည်။

သို့ရာတွင် လုံခြုံရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် အခြေအနေကောင်းသော်လည်း နှစ်ဖက်သဘောတူညီမှုအရဟု ဆိုကာ ဆွေးနွေးမှုအကြောင်းအရာများအား ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။