KNU/KNLA ၏ တပ်မဟာ ၄ ခုတွင် တပ်မတော်နှင့် စစ်ရေးတင်းမာမှုဖြစ်ပွားနေ

...

KNU/KNLA ၏ တပ်မဟာ ၄ ခုတွင် တပ်မတော်နှင့် စစ်ရေးတင်းမာမှုဖြစ်ပွားနေ

The Irrawaddy, 24 Apr 2018

URL: https://www.irrawaddy.com/news/burma/tatmadaw-using-ceasefire-to-gain-upper-hand-knla-deputy-chief-says.html
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (KNLA) ထိန်းချုပ်မှုအောက်ရှိ တပ်မဟာ ၄ ခုနေရာတွင် တပ်မတော်က စစ်အင် အားများ တိုးချနေသဖြင့် နှစ်ဘက်တပ်များ အကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေပြီး တပ်မဟာတချို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း KNLA ၏ အကြံပေးအရာရှိ ပဒိုမန်းမန်းက ဧရာဝတီသို့ ပြောသည်။

ကရင်ပြည်နယ် အတွင်းရှိ ဖာပွန်ခရိုင် (မူတြော် ခရိုင်) အခြေစိုက် လှုပ်ရှားနေသော တပ်မဟာ ၅ နယ်မြေ အပါအဝင် လှိုင်းဘွဲ့မြို့ နယ်နှင့် ကျုံဒိုးမြို့နယ်များရှိ တပ်မဟာ ၇ ၊ ကြာ အင်း ဆိပ်ကြီးခရိုင်၊ ဝင်းရေးမြို့နယ်ရှိ တပ် မဟာ ၆ ၊ ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်ရှိ တပ်မ ဟာ၂ စသည့် KNLA ၏ တပ်မဟာ ၄ ခုထိန်း ချုပ်ဒေသများတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ပဒိုမန်းမန်း က “စိတ်ချရတဲ့ အခြေအနေ မရှိ ဘူးပြောရမယ်။ တပ်မဟာ ၅ ဘက်မှာပဲမဟုတ်ဘူး။ တပ်မဟာ ၇ ဘက်မှာရော၊ တပ်မဟာ ၆ ဘက်မှာရော၊ တပ်မဟာ ၂ ဘက် မှာရော အစိုးရစစ်တပ်ဘက်က အင်အားဖြည့်မှုက အလုံးအရင်းနဲ့ပဲ။ ကျနော်တို့ တွေ့နေရတဲ့ အခါကျတော့ ဒီအပေါ်မှာ ရှေ့ရေး အရ ကျနော်တို့ ပိုမိုစိုးရိမ်စရာ ဖြစ်နေတယ်” ဟု ဆိုသည်။

တပ်မတော်သည် နယ်မြေရှင်းလင်းရေး အစီအစဉ်ဖြင့် တပ်အင်အားများ ဖြည့်တင်းနေရာမှ ဧပြီ ၂၆ ရက်နေ့က ကရင်ပြည်နယ်၊ မာနယ်ပလောဒေသ ဟတ်ကြီးရေကာတာ စီမံကိန်းအနီးတွင် KNLA ၏ တပ်မဟာ ၇ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNLA ဘက်က ဆိုသည်။

ပဒိုမန်းမန်း က “မာနယ်ပလော ဧရိယာအဝန်း အဝိုင်းမှာပဲ။ တပ်မဟာ ၇ နယ်မြေအတွင်းမှာပါ။ အဲဒီနေရာတွေကိုသူတို့ နယ်မြေ ရှင်းလင်းရေးဆိုတဲ့ စီမံချက် ချထားတယ်လို့ ကြားသိရတယ်။

နယ်မြေရှင်းလင်းရေးဆိုတာ ဆက်စပ်တာကတော့ ဟတ်ကြီး ရေကာ တာ ဆောက်လုပ်မယ်ဆိုတဲ့ စီမံချက်နဲ့ ဆက်စပ်မယ်လို့ ယူဆလို့ရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် KNLA ၏ တပ်မဟာ ၄ ခုတွင် တပ်မတော်က အင်အားဖြည့်တင်း နေခြင်းကြောင့် စစ်ရေးတင်းမာနေသော်လည်း တပ် မဟာ ၂ နှင့် ၆ ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ တပ်မဟာ ၅ နှင့် ၇ ဒေသမှာသာ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု KNLA ဘက်က ဆိုသည်။

ပြီးခဲ့သည့် မတ်လထဲတွင် တပ်မတော်က ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ၌ လမ်းဖောက်လုပ်ရန် ဆောင်ရွက်ခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများကြောင့် ယင်းဒေသရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၂၀၀၀ ကျော် တိုက်ပွဲရှောင်ခဲ့ကြရပြီး ယနေ့ချိန်ထိ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေသည်ဟုဆိုသည်။တပ်မဟာ ၅ နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားမှုအပေါ် ကျောက် ကြီးမြို့နယ်တွင် တွေ့ဆုံဆွေးနွေးရန် နှစ်ဖက် သဘောတူညီခဲ့ကြသော်လည်း မဖြစ်မြောက်ခဲ့ကြောင်း KNLA ဘက်က ပြော သည်။အဆိုပါတိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီ(JMC) မှ ကြားဝင် ဆောင်ရွက်ပေးရမည် ဖြစ်သော်လည်း ထိထိရောက်ရောက် မဆောင်ရွက်နိုင်ပဲဖြစ်နေသည်ကို တွေ့ရသည်ဟုလည်း KNLA ဘက်ကပြောသည်။