အားပြိုင်မှုများနှင့် တတိယ ၂၁ ရာစု ပင်လုံညီလာခံအဖွင့်

...

အားပြိုင်မှုများနှင့် တတိယ ၂၁ ရာစု ပင်လုံညီလာခံအဖွင့်

Myanmar Times, 12 Jul 2018

URL: https://www.mmtimes.com/news/panglong-opens-leaders-call-peace-process-move-forward.html
၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးသို့ အစိုးရနှင့် တပ်မတော်တို့က ထိပ်ပိုင်းခေါင်းဆောင်များ၊ တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အင်န်စီအေ) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ အင်န်စီအေလက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် 'ဝ' အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် စုံစုံလင်လင်တက် ရောက်ခဲ့ကြသည်။

"အင်န်စီအေဟာ အင်အားစုအားလုံးကို ဆုံစည်းနိုင် အောင် ဆောင်ကြဉ်းပေးခဲ့တဲ့ ဆုံမှတ်တစ်ခုဖြစ်သလို ကျွန်မတို့အားလုံး ပန်းတိုင်ကို ဆက်ပြီး လျှောက်လှမ်း နိုင်အောင် အစပြုပေးတဲ့ စမှတ်တိုင်တစ် ခုလည်း ဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် အဖွဲ့အစည်းများ အင်န်စီအေထီးရိပ် အောက်တွင် ပါဝင်လာရန် အစိုးရက ငြိမ်းချမ်းရေးတံခါး အစဉ်အမြဲဖွင့်လှစ်ထားကာ တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်နေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးပြီး အချိန်ဆွဲနေသည်ဟု ထောက်ပြပြောဆိုခဲ့သည်။

အစိုးရနှင့် အင်န်စီအေ လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၂၀၁၇ ခုနှစ်က ကျင်းပသည့် ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း ၁ ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ယင်းသဘောတူညီချက်တွင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည် နယ်များ၏ အခြေခံဥပဒေ ရေးဆွဲခွင့် အပါအဝင် အခြေခံရမည့် မူ သဘောတူညီချက် ၃၇ ချက် ပါဝင်ခဲ့သည်။ သို့သော် ယင်းသဘောတူညီချက်က မူအားဖြင့်သာ ရှိနေခဲ့ပြီး တတိယအကြိမ် ညီလာခံတွင် ဆက်လက်ဆွေးနွေးရန် ခက်ခဲ နေဆဲဖြစ်သည်။ ယခုလ ၁၆ ရက်အထိ ကျင်းပမည့် တတိယအကြိမ်ညီလာခံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေးက သဘောတူညီထားသည့် အချက် ၁၂ ချက်ကိုသာ ဆွေးနွေးကြမည်ဖြစ်သည်။