မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ ထုတ်ပြန်

...

မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ ထုတ်ပြန်

Myanmar Times, 13 Jul 2018

URL: https://www.mmtimes.com/news/after-delay-disability-rights-rules-and-regulations-published.html
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ် ဇွန်လတွင် ပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းများ၏ အခွင်းအရေးနည်းဥပဒေများကို ပြီးခဲ့သောရက်သတ္တပတ်တွင် ထုတ်ပြန်ခဲ့ သည်။

အခွင့်အရေးနည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး ၂နှစ်ကျော်အကြာတွင် ဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း စာအုပ်ငယ်ပုံစံကို ထုတ်ပြန်ရန် ၆ လာကြာခဲ့သည်။

ပါဝင်သည့်ဥပဒေများထဲမှတစ်ခုမှ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်ဖြစ်ပြီး အလုပ်ရှင်များမှ မသန်စွမ်းသူများအား ငှားရမ်းရာတွင် မြို့နယ်အလုပ်သမားရုံးမှ အလုပ်အကိုင် ပုံစံဖောင်(၇)ကို မည်သို့အသုံးပြုရမည်ကို ဖော်ပြထားသည်။ အလုပ်ရှင်များသည် အလုပ်တွင် လစ်လပ်နေရာရှိပါက မြို့နယ်အလုပ်သမားရုံးသို့ အကြောင်းကြားရမည်ဖြစ်ပြီး မသန်စွမ်းသူများအတွက် သင့်တော် သည့်အလုပ်အကိုင်ပတ်ဝန်းကျင် ရရှိရန် စိစစ်မည်ဖြစ်သည်။

ပုဂ္ဂလိက ကုမ္ပဏီများသော်လည်းကောင်း၊ အစိုးရအဖွဲ့အစည်းများမှသော်လည်းကောင်း အလုပ်သမားအနည်းဆုံး အယောက် ၅၀ရှိပါက တစ်ယောက်မှာ မသန်စွမ်းသူပါဝင်ရမည်ဖြစ်သည်။ အကယ်၍ ထိုသို့ပြု လုပ်ခြင်းမရှိပါက လစဉ် ငွေကျပ် တစ်သိန်း(သို့)နှစ်သိန်း ပေးဆောင်ရန် ချမှတ်ထားသည်။

အဆိုပါစည်းမျဉ်းစာအုပ်ငယ်တွင် စာရင်းသွင်းခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာခြင်း၊ အသက်မွေးခြင်း၊ အခွင့်အလမ်းများ၊ နိုင်ငံရေး၊ ပြည်သူ့ရေးရာ ပူးပေါင်းပါဝင်ခြင်း၊ စောင့်ရှောက်ခြင်းနှင့် ပြန်လည် ထူထောင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စာရင်းသွင်းခြင်း၊ အထူးကိုယ်ပိုင်စာသင်ကျောင်းများ၊ အထူးအသက်မွေးမှုသင်တန်းကျောင်းများ၊ ကိုယ်ပိုင်ပြန်လည်ထူထောင် ရေးစင်တာများ၊ အယူခံခြင်းများ၊ ရန်ပုံငွေ၊ ထိန်းချုပ်မှုများနှင့် စီမံခန့်ခွဲမှု၊ လူ့အခွင့်အရေး၊ အခြေခံအခွင့်အရေးနဲ့ တန်းတူညီမျှမှု စသည့်အခန်းများပါဝင်သည်။