Menu

၁၁ ထပ် အမြင့် ကြယ် ၄ ပွင့်အဆင့်ရှိ ဟိုတယ် လွိုင်ကော်တွင် တည်ဆောက်နေ

...

၁၁ ထပ် အမြင့် ကြယ် ၄ ပွင့်အဆင့်ရှိ ဟိုတယ် လွိုင်ကော်တွင် တည်ဆောက်နေ

Kantarawaddy Times, 31 Jul 2018

URL: https://www.bnionline.net/en/news/eleven-story-four-star-hotel-under-construction-loikaw
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်တွင် 4 Star အဆင့်ရှိ အဆင့်မြင့်ဟိုတယ် တည်ဆောက်နေကြောင်း ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောသည်။

̏ အဆင့်က ကြယ်လေးလုံးအဆင့်ထိရှိတဲ့ ဟိုတယ်ဆောက် မယ်ပြောပါတယ်၊ ဒါပေမယ့် သူတို့ဆောက်ပြီးမှ သတ်မှတ် လို့ရမယ်ပေါ့၊ နိုင်ငံတော် သမ္မတအဆင့်ထိ တည်းလို့ရမယ့် ဟိုတယ်ဖြစ်ပြီး ရေကူးကန်တွေ၊ အခန်းတွေပါမယ်ဆိုတော့ 4 Star ဟိုတယ်ပေါ့။ အဆင့်သတ်မှတ်ချက်တွေကတော့ အကုန်ပြီးစီးမှ သတ်မှတ်ပေးပါမယ်˝ဟု ဦးလင်းဇော်ထွဋ်က ပြောသည်။

ယခုဟိုတယ်တွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း( ကျပ်သန်းပေါင်း ၆ ထောင်ခန့်﴿ ရင်းနှီးမြှပ်နှံမည်ဖြစ် ပြီး၊ Myanmar New Ray Co,Ltd မှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကာလမှာ ၂ဝ၁၇ ဒီဇင်ဘာမှ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလထိဖြစ်ပြီး ၂ဝ၂ဝ တွင် ဖွင့်လှစ်ရန် မျှော်မှန်းထားသည်။

ကယားပြည်နယ်တွင် အကြီးဆုံးဖြစ်လာမည့် ၎င်းဟိုတယ်ကို မော်ချီးခဲသတ္တုထုတ်လုပ်ရောင်းချရေးကုမ္ပဏီဖြစ်သည့် ရဲထွဋ်ကျော် ကုမ္ပဏီက အဓိက ရင်းနှီးမြှုပ်နှံထားသည်။

̏ ရှယ်ယာဝင်သူတွေက အဓိက ရဲထွဋ်ကျော်တစ်ခုပဲ နာမည်ထည့်ထားပါတယ်၊ ကျန်သူတွေက ပြည်တွင်း/ပြည်ပ ဘယ်သူတွေပါလဲ တော့ မသိပါဘူး။˝ဟု ဦးလင်းဇော်ထွဋ်က ပြောသည်။

ဟိုတယ်တည်ဆောက်ရန် ရှယ်ယာဝင်အမည်ပေါက်များမှာ ရဲထွဋ်ကျော်ကုမ္ပဏီတစ်ခုတည်းဖြစ်ပြီး အခြားမည်သူများ ပါဝင်သည်ကို မူ မသိရသေးကြောင်း ၎င်းက ပြောသည်။

လူဦးရေ ၆ဝဝ ဆံ့ ခန်းမကြီးနှင့် အခန်းပေါင်း ၈ဝ ခန်း၊ ဧည့်သည် ၂ဝဝ နီးပါး တပြိုင်တည်း တည်းခိုနိုင်မည့် အဆင့်မြင့်ဟိုတယ်သည် သမ္မတပင် တည်းခိုနိုင်မည်ဖြစ်သည်။

ကယားပြည်နယ်တွင် ယခုနှစ်ပိုင်းအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာသည်။ ၂၀၁၇ ခုနှစ်ထိ လွိုင်ကော်တွင် ဟိုတယ် ၁၈ လုံး အခန်း ၃၈၄ ခန်းအထိ ရှိလာပြီဖြစ်သည်။