နေပြည်တော်တွင် ဧက ၁,ဝဝဝ ရှိ ဝါးစိုက်ပျိုးရေးဇုန် ထူထောင်မည်

Myanmar Times, 13 Aug 2018
URL: https://www.mmtimes.com/news/1000-acres-bamboo-cultivation-zone-be-established.html
နေပြည်တော်တွင် ဧက ၁,ဝဝဝ ခန့်ရှိ ဝါးစိုက်ပျိုးရေးဇုန်ထူထောင်ပြီး ဝါးထုတ်ကုန်များ အဆင့်မြှင့်တင်မှုဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးသူများအသင်း အတွင်းရေးမှူးဦးကျော်သူက မြန်မာတိုင်း(မ်)ကို ပြောသည်။
ထိုသို့ ဆောင်ရွက်ရန်အတွက် မြေတိုင်းတာခြင်း၊ ဒေသခံဝါးစိုက်ပျိုးသူများ၏ မြေပြုပြင်ခြင်းများဆောင်ရွက်ပြီးဖြစ်ကာ အသေးစိတ် မြေပုံနှင့် တင်ပြလျှောက်ထားရန် လုပ်ဆောင်နေကြောင်း ၎င်းကပြောကြား သည်။ ဝါးစိုက်ပျိုးရေးဇုန်ထူထောင်ပြီးပါက ဒေသခံဝါး စိုက်တောင်သူများကို အသိပညာပေးသွားမည်ဖြစ်ကာ ဝါးအရည်အသွေးကျဆင်းနေသည်ကို ပြန်လည်ပြုပြင်ပြီး ဝါးထွက်ကုန်များ ကို နိုင်ငံတကာသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။
''လုပ်ကိုင်ခွင့်ရပြီဆိုရင် ဒေသခံတွေ ဝါးနဲ့ပတ်သက်ပြီးအသိပညာတွေတိုးလာပြီး ဝါးကရတဲ့ ဝင်ငွေတွေတိုးလာအောင် ကျွန်တော်တို့ က လုပ်ပေးသွားမှာပါ။ လက်ရှိမှာတော့ တောင်သူတွေကို ဝါးနဲ့ပတ်သက်ပြီး သင်တန်းတွေပေးတာနဲ့ မြေရရှိဖို့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်''ဟု ၎င်းကပြောသည်။မြန်မာနိုင်ငံတွင် အများစုမှာ သဘာဝအလျောက်ပေါက်သည့် ဝါးတောများကို အမှီ ပြုလျက်ရှိရာ ဒေသခံတောင်သူများ၊ အစုအဖွဲ့များအနေဖြင့် လုပ်ကိုင်ခွင့် ရပါကမိမိပိုင်ပစ္စည်းကဲ့သို့ သဘော ထားကာ ဝါးခုတ်ခြင်း၊ မျှစ်ချိုးခြင်းတို့ကို စနစ်တကျပြုလုပ်လာမည်ဖြစ်သောကြောင့် အရည်အသွေး ကောင်းဝါးများ ရရှိလာမည် ဖြစ်ကာ ဝါးထုတ်ကုန်ပစ္စည်းများလည်း နိုင်ငံတကာအဆင့်မီလာပြီး ရာသီဥတုအ ထောက်အကူပြုနိုင်မည့် ဝါးတောများ ပေါ်ပေါက် လာမည်ဟု ဦးကျော်သူက သုံးသပ်ပြောကြားသည်။
ဝါးစိုက်ပျိုးရေးကဏ္ဍတွင်တွင်ကျယ်ကျယ် ဖြစ်ထွန်းအောင်မြင်လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်အားစိုက် ပါဝင်ဆောင်ရွက်ပေးရေးကိုလည်း ပြည်သူ့လွှတ်တော်က အစိုးရကို တိုက်တွန်းကြောင်း ကို ဖေဖော်ဝါရီလက ပြုလုပ်သည့် အစည်းအဝေးတွင် အတည်ပြုထားသည်။သစ်တောဦးစီးဌာနသည် သစ်တောများပြန်လည်ထူထောင်ရေးစီမံကိန်း ၂ဝ၁၇- ခုနှစ်မှ ၂ဝ၂၇ ခုနှစ်အထိ အကောင်အထည်ဖော် မည်ဖြစ်ကာ ဝါးစိုက်ခင်းများ ပိုမိုဖြစ်ထွန်းလာရေးကိုလည်း အားပေးမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားထားသည်။
''ပုဂ္ဂလိကသစ်တောစိုက်ခင်းတွေမှာ ကျွန်း၊ သစ်မာအပြင် ဝါးစိုက်ခင်းတွေကို တိုးမြှင့်တည်ထောင်ဖို့အတွက် တွန်းအားပေးပြီးတော့ စည်းရုံးမှာဖြစ်ပါတယ်'' ဟု ဝန်ကြီးကပြောသည်။မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၂ စုနှင့် ဝါးမျိုးစိတ် ၁ဝ၂မျိုး ပေါက်ရောက်လျက် ရှိသည်ဟုသိရသည်။ လက်ရှိ ကမ္ဘာ့စျေးကွက်အနေအထားအရ ဝါးမှတစ်ဆင့် ကြိတ်သား၊ ပါကေးအခင်း၊ မျက်နှာကြက်၊ ခန်းဆီးစသည့်လူသုံးကုန်ပစ္စည်းများ၊ သ ဘာဝတည်းခိုခန်း ဆောက်လုပ်ခြင်းနှင့်သွားကြားထိုးတံကဲ့သို့ အိမ်တွင်းအသေးစား လုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး အလုပ်အကိုင်ရရှိရေးနှင့် ဝင်ငွေရရှိရေးအတွက် အထောက်အကူပြုနိုင်သည်။
ဝါးထွက်ကုန်များကို တရုတ်၊ ဗီယက်နမ်အပါအဝင် နိုင်ငံတကာသို့တင်ပို့နိုင်ရေးအတွက် ဝါးစိုက်ပျိုးသူများအသင်းအနေဖြင့် ပို့ကုန်သွင်းကုန်ကုမ္ပဏီ ထူထောင်ရန် စီစဉ်လျက်ရှိသည်။
''ပရိဘောဂတွေအပြင် ဝါးကထွက်လာတဲ့ မီးသွေး၊ ဗင်နီကာ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်စတာတွေကို နိုင်ငံခြားကို ပို့နိုင်အောင် စီစဉ်ထားတာတွေရှိပါတယ်''ဟု ဦးကျော်သူက ပြောသည်။