အာဏာပိုင်များမှ တားမြစ်သော်လည်း ဧရာဝတီတိုင်းတွင် ကရင်အာဇာနည်နေ့ကျင်းပ

...

အာဏာပိုင်များမှ တားမြစ်သော်လည်း ဧရာဝတီတိုင်းတွင် ကရင်အာဇာနည်နေ့ကျင်းပ

Karen Information Center, 14 Aug 2018

URL: https://www.bnionline.net/en/news/despite-official-threats-stop-karen-martyrs-day-it-marches-commemorated-delta-region
သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ကရင့်အာဇာနည်နေ့ကို မကျင်းပနိုင်ရန် မြန်မာအာဏာပိုင်များမှ သတိပေးခြိမ်းခြောက်မှုများရှိနေသော်လည်း ဧရာဝတီတိုင်းမှ ကရင်ခေါင်းဆောင်များသည် ၎င်းတို့အား လျစ်လျှူရှု့ခဲ့သည်။

မြန်မာအာဏာပိုင်များသည် ၆၈ ကြိမ်မြောက် ကရင်အာဇာနည်နေ့အထိမ်းအမှတ်ကျင်းပခြင်းအပေါ် ခြိမ်းခြောက်ခြင်းနှင့်တရားစွဲဆိုမှုပြုခြင်း၊ အနှောင့်အယှက်ပေးခြင်းများကြောင့် ဟင်္သာတမြို့နယ်မှ ကရင်ခေါင်းဆောင်များသည် စိတ်ဆိုးကြသည်။

ကရင်ပြည်နယ်ရှိ အခမ်းအနားကျင်းပသည့် တာဝန်ရှိသူများသည် အစိုးရ၏ သတိပေးမှုနှင့်ခြိမ်းခြောက်မှုများကို လစ်လျှူရှု့ကာ ကရင့်အာဇာနည်နေ့ကို ကျင်းပခဲ့သည်။

အာဇာနည်နေ့လှုပ်ရှားမှုများတွင် ကရင်နိုင်ငံတော်သီချင်းသီဆိုခြင်း၊ ကရင်အလံကိုအလေးပြုခြင်း၊ ကွယ်လွန်သူကရင့်အာဇာနည်များကို ဦးညွတ်ခြင်းနှင့် မြို့နယ်တိုင်းစီမှ ပေးသောလွမ်းသူပန်းခွေချ ထားခြင်းများ ပါဝင်သည်။

ဟင်္သာတမှာတော့ အခမ်းအနားကျင်းပတာနဲ့ ပတ်သက်ပြီး “KNU က ပဒိုမန်းငြိမ်းမောင်၊ ကရင်ပြည်သူ့ပါတီက ခေါင်းဆောင် စောကျော်ကြီးတို့ အပါအဝင် ၅ဦးကို ပုဒ်မ ၂၆နဲ့ တရားစွဲမယ်ဆိုတဲ့ အကြောင်း ကြားစာ ပို့လာတယ်လို့ ကြားသိရပါသည်။

အခမ်းအနားသို့ မြန်အောင်၊ လေးမျက်နှာ၊ ဇလွန်၊ ဓနုဖြူ၊ မအူပင်နှင့် ဟင်္သာတမြို့နယ် စသည်တို့မှ လူပေါင်း ၁၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်။