အလုပ်အကိုင်ပြပွဲမှ အလုပ်အကိုင်လပ်နေရာလပ် ထောင်ပေါင်းများစွာ တွေ့ရှိနိုင်

...

အလုပ်အကိုင်ပြပွဲမှ အလုပ်အကိုင်လပ်နေရာလပ် ထောင်ပေါင်းများစွာ တွေ့ရှိနိုင်

The Global New Light of Myanmar, 13 Sep 2018

URL: http://www.globalnewlightofmyanmar.com/job-nation-to-offer-thousands-of-vacancies/
ရန်ကုန်တွင် ပြုလုပ်မည့် ၂၀၁၈ ခုနှစ်၊အကြီးမားဆုံးအလုပ်အကိုင်ပြပွဲဖြစ်သည့်တွင် အလုပ်အကိုင် ထောင်ပေါင်းများစွာ တွေ့ရှိနိုင်မည်ဖြစ်ကြောင်း www.jobnet.com.mm တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းအလုပ်အကိုင်ကွန်ရက်မှ ဦးဆောင်ကျင်းပမည်ဖြစ်သော အလုပ်အကိုင်ပြပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နံနက် ၅ နာရီမှာ ညနေ ၅ နာရီအထိဖြစ်သည်။

အလုပ်အကိုင်ပြပွဲတွင် အလုပ်လစ်လပ်နေရာထောင်ပေါင်းများစွာကို အလုပ်ရှာဖွေသူများထံ ကမ်းလှမ်းသွားမည်ဖြစ်သည်။ ပြည်တွင်း၊ပြည်ပကုမ္ပဏီ ၇၀ ခန့်ပြသသွားမည်ဖြစ်သည်။

PTTEP ၊ Nestle ၊ Ooredoo နှင့် မြန်မာဂျပန်ဆေးရွက်ကြီးစသည့် ကုမ္ပဏီများအပါအဝင် ကုမ္ပဏီ၆၅ ခု ပြပွဲတွင် ပါဝင်မည်ဖြစ်သည်။

ခေါ်သည့်အလုပ်အများစုမှာ အရောင်းကျွမ်းကျင်သူများ၊ စျေးကွက်နှင့် လူထုဆက်ဆံရေးများ၊ သတင်းနည်းပညာများ၊ အင်ဂျင်နီယာ၊ လူ့စွမ့်အားအရင်းအမြစ်၊ စာရင်းကိုင်၊ စီမံခန့်ခွဲရေးနှင့် ထုတ်လုပ်ရေး စသည်တို့ပါဝင်သည်။