အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကျင်းပ

...

အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကျင်းပ

The Global New Light of Myanmar, 16 Oct 2018

URL: http://www.globalnewlightofmyanmar.com/union-govt-nca-signatory-eaos-hold-special-meeting/
နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ယ နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရွှေအိမ်စံဟိုတယ်၌ ကျင်းပရာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ၍ အမှာစကားပြောကြားသည်။

သီးသန့်အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)ခင် ဇော်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ အစိုးရနှင့် တပ်မတော်တို့မှ တာဝန်ရှိသူများ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ စော မူတူးစေးဖိုး၊ ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဌ ဦးယွက်ဆစ်၊ အတွင်းရေးမှူးဦးစိုင်းငင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ခွန် ဥက္ကာ၊ ဒုတိယဥက္ကဌ ခွန်မြင့်ထွန်း၊ ချင်းအမျိုးသားတပ်ဦး(CNF)ဥက္ကဌလျန်မှုန်းဆာခေါင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဌ ခိုင်စိုးနိုင်အောင်၊ ဗဟိုကော်မတီဝင် စောမြရာဇာလင်း ၊ မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ဦးသံခဲ၊ ဒုတိယဥက္ကဌ ဦးမျိုးဝင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဥက္ကဌ စောမိုရှေး၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အတွင်းရေးမှူး ဒေါက်တာ နော်ကပေါ်ထူး၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဌ နိုင်ဟံသာ၊ ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)ဥက္ကဌ ကြာခွန်ဆာ၊ အတွင်းရေးမှူး ကြာဆော်လမွန်၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ညမွန်းလွဲပိုင်းတွင် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အကျိုး ဆောင်များအဖြစ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ဆောင်ရွက်ကြသည်။

အစည်းအဝေး၌ ၂၀၁၈ ခုနှစ်တွင် ၂၁ ရာစုပင်လုံ ညီလာခံ (၁)ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ပင်လုံညီလာခံ(၂)ကြိမ် ကျင်းပမည်ဖြစ်ပြီး ယင်းပင်လုံညီလာခံ(၃)ကြိမ်မှ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ရရှိ အောင် ဆောင်ရွက်မည့် အချိန်ဇယားနှင့် လုပ်ငန်းအစီအစဉ်များ၊ လက်ရှိ နိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေး ကိစ္စရပ်များ၊ နိုင်ငံရေးဆွေးနွေးမှုတွင် ခေါင်းဆောင်များ အကြား သဘောတူညီချက် ရရှိပြီး ဆက်လက်ဆောင်ရွက်မည့် ပုံစံကျင့်သုံးရမည့် ကိစ္စရပ်များ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်အောင် ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီချက်ရရှိရန် လိုအပ်သည့် ကိစ္စရပ်များဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူ ချမှတ်ရေး ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။