နှစ် ၇ဝ ပြည့် ကရင်တော်လှန်ရေးနေ့ကို ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်းကျင်းပမည်

...

နှစ် ၇ဝ ပြည့် ကရင်တော်လှန်ရေးနေ့ကို ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်းကျင်းပမည်

Karen Information Cente, 10 Oct 2018

URL: https://www.bnionline.net/en/news/karen-armed-organizations-hold-joint-commemoration-70th-karen-resistance-day
လာမည့်နှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကျရောက်သည့် ၇၀ နှစ်ပြည့် ကရင်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို ကရင် လက်နက်ကိုင်အဖွဲ့အစည်း (၄)ဖွဲ့မှ စစ်ရေးပြအခမ်းအနားဖြင့် စုပေါင်း ကျင်းပသွားမည်ဟု တာဝန်ရှိသူများက ကေအိုင်စီသို့ ပြော သည်။

ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ်၌် အောက်တိုဘာ ၈ ရက်နေ့က ပြုလုပ်သည့် ကရင်လက်နက်ကိုင်များ ပြန်လည်စည်းလုံးညီညွှတ်ရေးကော်မတီ အစည်းအ ဝေးသို့ တက်ရောက်လာသော ကရင်အ မျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဒီမိုကရေစီအ ကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA_PC)နှင့် ကရင်နယ်ခြားစောင့် တပ်(BGF)တို့ ထိပ်သီးခေါင်း ဆောင်များက ထိုသို့ သ ဘောထား ရရှိခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစော လှထွန်းက “ကျနော်တို့ လုပ်ချင်တယ်။ သဘောထားတွေ ရှိတယ်ပေါ့နော်။ နှစ် ၇ဝပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကျနော်တို့ ကရင့်လက် နက်ကိုင် အားလုံးတွေ စုစုစည်းစည်း၊ စည်းစည်းလုံးလုံးနဲ့ စုပေါင်းပြီးတော့ ကျင်းပမယ်ပေါ့။ ဒီမှာက သက်ဆိုင်ရာ တပ်မဟာအလိုက် စစ်ကြောင်းတွေပေါ့၊ အခြားသော လက်နက်ကိုင်အဖွဲ့ စစ်ကြောင်းတွေ ပါဝင်ဖို့ပေါ့ ”ဟု ကေအိုင် စီသို့ ပြောသည်။

၇ဝ နှစ်ပြည့် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ကေအဲန်ယူဌာနချုပ်တွင် စုပေါင်း ကျင်းပရန် လျာထားပြီး အခမ်း အနား ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီထံသို့ တင်ပြထားပြီးဖြစ် သလို ပွဲဖြစ်မြောက်ရေးကော်မတီများ အဆင့်ဆင့်ကိုလည်း ထပ်မံ ဖွဲ့စည်းသွားမည်ဟု ပဒိုစောလှထွန်းက ဆက်ပြောသည်။

DKBA ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စောစတီးလ်က “ တစ်ဖွဲ့ကို အယောက် ၄ဝ ပါဝင်ဖို့ ပြောဆိုထားတာရှိတယ်ပေါ့နော်။ ကျနော်တို့ဘက်ကတော့ ဘာပြဿနာမှမရှိပါဘူး။ အယောက် ၄ဝ မက၊ အယောက် ၄ဝဝ တောင်းရင်လည်း ပူးပေါင်းဖို့ အသင့်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အခုက ကျနော်တို့ DKBA နေ့အတွက် ကျင်းပဖို့ ပြင်ထားတဲ့ တပ်အင်အားက အလုံအလောက်ရှိပြီးသား လေ ” ဟု ပြောသည်။

တစ်ရက်တာ ကျင်းပခဲ့သည့် ကရင်လက်နက်ကိုင်များ ပြန်လည်စည်းလုံးရေးကော်မတီ အစည်းအဝေးတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ကရင်နယ်ခြားစောင့်တပ် အတွင်းရေးမှူး ဗိုလ်မှူး ကြီး စောချစ်သူ အပါအဝင် DKBA၊ KNU/KNLA-PC အဖွဲ့တို့မှ ထိပ်သီးခေါင်းဆောင်များနှင့် ၎င်းကော်မတီ၏ ကော်မတီဝင် အသီးသီးတို့က တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် ကရင်အမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးအရ ကြိုးပမ်းလုပ်ဆောင်မှုကို လိုက်နာပံ့ပိုးကူညီသွားရန်၊ ကရင် ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် အဖွဲ့ အားလုံး ပူးပေါင်းလုပ်ဆောင်ရန်၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများ ပပျောက်ရေးအတွက် အစီအစဉ်တကျ ချမှတ်လုပ် ဆောင်သွားရန်နှင့် သစ်တောခုတ် ထုတ်လုပ်ရောင်းချမှုများကို အပြီးသတ်ပိတ်သိမ်းရန် စသည့်သဘောတူညီချက်များ ရရှိခဲ့သည် ဟု သိရသည်။

ယင်းနောက် ကွဲပြားနေသည့် ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်စည်းလုံးရေးကို ရည်ရွယ်၍ ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ်ရေးကော်မတီကို ၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် KNU/KNLA-PC ဌာနချုပ်ရှိရာ ထို့ကော်ကိုး၌ ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

ကရင့်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ နှစ်ပေါင်း ၇ဝနီးပါးကြာ နှစ်စဉ် ကျင်းပလာခဲ့သော်လည်း ၁၉၉၄ ခုနှစ်မှစ၍ ယခုအချိန်ထိ ကရင်လက်နက် ကိုင်အဖွဲ့များအနေဖြင့် ပထမဆုံး စုပေါင်းကျင်းပရန် စီစဉ် လာခြင်းဖြစ်သည်။