MRTV နှင့် တိုင်းရင်းမီဒီယာ(၄) ဖွဲ့ သတင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

Myanmar Times, 22 Oct 2018
URL: https://www.mmtimes.com/news/govt-readies-additional-supply-electricity-meet-demand.html
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် တိုင်းရင်းမီဒီယာသတင်းဌာန (၄) ဖွဲ့တို့သည် သတင်းကဏ္ဍတွင် ပူးပေါင်းဆောင် ရွက်ကြရန် အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော် MRTV ရုံးတွင် သဘော တူ လက်မှတ် ရေးထိုးခဲ့ကြသည်ဟု သိရသည်။
MRTV နှင့် ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့များမှာ Burma News International (BNI) အဖွဲ့ဝင်များဖြစ်ကြသည့် ခိုနူမ်း သုန်၊ သံလွင်တိုင်မ်း၊ Narinjara နှင့် kantarawaddy Time သတင်းဌာနတို့ဖြစ်ကြပြီး ပြည်နယ် လွှတ်တော် သတင်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ဆက်စပ်သောသတင်း များ၊ ဖွ့ံဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးသတင်းများကို MRTV မှ ဝယ်ယူကာ MRTV Web Portal တွင် ထုတ်လွှင့် သွားမည် ဖြစ်သည်။
ခိုနူမ်းသုန်သတင်းဌာနမှ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးဖီလစ်စိုး နိုင်က “ တိုင်းရင်းမီဒီယာတွေမှာ ကျွန်တော်တို့က ရပ်တည် ဖို့ခက်ခဲတယ်၊ ကျွန်တော်သတင်းတွေကို အမှန်တိုင်းပြောရင် Facebook မှာ ကိုယ့်ရဲ့ website မှာ ကိုယ့်ရဲ့ကိုယ်ပိုင် Facebook မှာ ဘာအခကြေးငွေ တစ်ပြားမှ မရပဲနှင့် ကျွန်တော်တို့က ဒီတိုင်းပဲတင်နေ ရတာ၊ ပုံနှိပ်ထုတ်ဝေနေရတာ၊ ဒါပေမယ့် ဒီသတင်းကို အခုက MRTV က ဝယ်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အတိုင်းအ တာတစ်ခု ထိတော့ အခကြေးငွေရမယ် အကျိုးအမြတ်လေးတော့နည်းနည်းတော့ရမယ်ပေါ့’’ ဟု ပြောသည်။
ယခုစီမံကိန်းကို ဂျာမန်အခြေစိုက် DW Academy အဖွဲ့အစည်းမှ အဓိကငွေကြေးကူညီပံ့ပိုးထားပြီး ယခုနှစ် အစောပိုင်းတုန်းက လည်း သတင်းဌာန (၉) ခုနှင့် MRTV တို့သည် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခဲ့ကြပြီး ယခုအခါ MRTV နှင့် ပူးပေါင်းဆောင်ရွက်သည့် သတင်းဌာန (၁၃) ခုရှိလာတော့မည်ဖြစ်သည်။