GDJV ကုမ္ပဏီမှ ထားဝယ်ရှိ စီမံကိန်းအား မိတ်ဆက်

...

GDJV ကုမ္ပဏီမှ ထားဝယ်ရှိ စီမံကိန်းအား မိတ်ဆက်

The Global New Light of Myanmar, 21 Oct 2018

URL: http://www.globalnewlightofmyanmar.com/gdjv-companies-group-introduces-project-in-dawei/
Greenfield Dawei Japan Village-GDJV အဖွဲ့သည် ဂျပန်ရိုးရာ ယဉ်ကျေးမှုအခမ်းအနားနှင့်အတူ ၎င်းတို့၏ စီမံကိန်းမိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့က ထားဝယ်ရှိ တော်ဝင်နန်းတော်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားအား ဂျပန်ရိုးရာစည်တော်နှင့်အတူ ဖွင့်လှစ်ခဲ့ပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

သူမမှ အမှာစကားပြောကြားရာတွင် တနင်္သာရီတိုင်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထားဝယ်အထူးစီးပွားရေးဇုန်အကြောင်း အလေးပေးပြောကြားခဲ့သည်။

ထိုစီမံကိန်းကို ပွင့်လင်းရာသီမှာ စတင်မှာဖြစ်ပြီး ထီးခီးလမ်းပြင်ဖို့ အစီအ စဉ်တွေလည်း စတင်နေပါပြီ ၊ ရလဒ်အနေနဲ့ကတော့ ဒေသကြီး မကြာခင်တိုးတက်လာပါတော့မယ် ဟု ဝန်ကြီးချုပ်က ပြောကြား ခဲ့သည်။

GDJV (Greenfield Dawei Japan Village) သည် ဂျပန်ကုမ္ပဏီအဖွဲ့ဖြစ်ပြီး အဆောက်အဦးဆောက်လုပ်ရေးနည်းစနစ် အများအပြားပါဝင်ပြီး Greenfield Economy Geopolitical Research Institute မှ အဖွဲ့အား ဦးဆောင်ပေးသည်။

မြန်မာ၊ ထိုင်းနှင့် ဂျပန်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထားဝယ်အထူးစီးပွားရေးစက်မှုဇုန်သည် အရှေ့တောင်အာရှဒေသတွင် အဓိက အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သည်။