မွန်ပြည်နယ်တွင် အမျိုးသမီးများ၏အခွင့်အရေးအတွက် အရေးယူဆောင်ရွက်မှုအစီအစဉ်နှင့် အကောင်အထည်ဖော်ဆောင်ရန်လိုအပ်

...

မွန်ပြည်နယ်တွင် အမျိုးသမီးများ၏အခွင့်အရေးအတွက် အရေးယူဆောင်ရွက်မှုအစီအစဉ်နှင့် အကောင်အထည်ဖော်ဆောင်ရန်လိုအပ်

The Irrawaddy, 15 Oct 2018

URL: https://www.irrawaddy.com/news/burma/action-plan-womens-rights-needs-implemented-mon-state.html
မွန်ပြည်နယ်၊ မော်လမြိုင်- မွန်ပြည်နယ်ရှိ အမျိုးသမီးများသည် ၎င်းတို့၏အခွင့်အရေးများကို တောင်းဆိုလိုက်ကြပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှု၌ ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို အရေးတယူပြုဆောင်ရွက်စေလို ကြောင်း ပအို့တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စန်းဝင့်ခိုင်က ပြောကြားခဲ့သည်။

ဒေသခံအမျိုးသမီးအခွင့်အရေးအဖွဲ့များ၏အဆိုအရ မွန်ပြည်နယ်၌ အသက် ၁၆ နှစ် နှင့်အောက် မတရားပြုကျင့်ခံရမှုအရေအတွက် တိုးလာကြောင်းတွေ့ရသည်။ အဓ္ဓမပြုကျင့်ခံရပါက အမှုကို တရားရုံးသို့သွား ရောက်တိုင်ကြားခြင်းမရှိသောကြောင့် အဓ္ဓမကျင့်သူများသည် အပြစ်ပေးခံရမှုမရှိကြပေ။ အမှုအများပြားတွင် တရားရုံးသို့ တိုင်ကြားရမည့်အစား ညှိနှိုင်းပေးခြင်း၊ လျော်ကြေးပေးခြင်းများဖြင့်သာ အမှုကို ဖြေရှင်း နေကြကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောပြခဲ့သည်။

ယမန်နှစ်က ဆွေးနွေးမှုပြုလုပ်စဉ်အတွင်း အမျိုးသမီးများသည် ရပ်ရွာအဆင့်တွင် လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေး အသိပညာ ပေးအစီအစဉ်များနှင့် သင်တန်းများပေးရန် တောင်းဆိုခဲ့ကြကြောင်း ဝန်ကြီးဒေါ်စန်းဝင့်ခိုင်က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် စီးပွားရေးဆိုင်ရာစိန်ခေါ်မှု အခက်အခဲကိစ္စရပ်များ၊ ကျား/မအတွင်း (နေ့စား)ခ တန်းတူညီတူရရှိရေးအာမခံချက်များနှင့် အလုပ်နေရာတွင် အမျိုးသမီးများ ဘေးကင်းလုံခြုံရေးအတွက် ခိုင်မာသည့် ဥပဒေပြဌာန်းပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြောင်း သိရသည်။

ပညာရေးတွင် တက္ကသိုလ်ဝင်ရောက်မှု၌ အမျိုးသား၊ အမျိုးသမီး ဝင်ခွင့်အမှတ်များ ခွဲခြားထားခြင်းကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြပြီး မိဘမဲ့များ၊ အိမ်ခြေယာမဲ့များနှင့် ရပ်တည်နိုင်စွမ်းနည်းပါးသည့်သူများ အတွက် သင်တန်းစင်တာများ ဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့ကြသည်။ကျေးရွာအုပ်ချုပ်ရေး၌ အမျိုးသမီးခေါင်းဆောင်ပါဝင်မှုကို ၃၀ ရာခိုင်နှုန်း ထည့်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ပြည်နယ်ရှိ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုများတွင် အမျိုးသမီးများဖော်ပြထားသည့် ၎င်းတို့၏လိုအပ်ချက်များနှင့် ဦးစားပေးများကို ပြည်ထောင်စုအစိုးရထံသို့ ယခုနှစ်တွင် တင်ပြခဲ့ပြီးဖြစ်ကာ အတည်ပြုချက်ကို စောင့် ဆိုင်းနေကြောင်း သူမကပြောသည်။ ငယ်ရွယ်သောမိန်းကလေးများသည် မိသားစုအား ပံ့ပိုးရန်အတွက် အိမ်နီးချင်းနိုင်ငံများတွင် အလုပ်လုပ်ရန် ကျောင်းမှထွက်ဖို့ ဖိအားပေးခံခဲ့ကြရပြီး လူကုန်ကူးမှုများ၊ ဖိအား ပေးထိမ်းမြားခံရခြင်းနှင့် သက်ငယ်ကိုယ်ဝန်ဆောင်ခြင်းများနှင့် ဆက်စပ်နိုင်ကြောင်း သူမက ပြောခဲ့သည်။

အရေးယူဆောင်ရွက်မှုအစီအစဉ်ကို မူကြမ်းရေးဆွဲပြီးပါက ပြည်နယ်တွင် အမျိုးသမီးများ နေ့စဉ်ရင်ဆိုင်နေရသည့် ကျား/မ ခွဲခြားဆက်ဆံခံရမှုနှင့် အကြမ်းဖက်ခံရမှုများကို ဖြေရှင်းနိုင်မည်ဟု သူမ မျှော်လင့် ထားကြောင်း မွန်အမျိုးသမီးများကွန်ရက်မှ မချယ်ရီစိုးက ပြောခဲ့သည်။