KNPP နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွား

...

KNPP နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွား

Kantarawaddy Times, 22 Oct 2018

URL: https://www.bnionline.net/en/news/skirmish-breaks-out-between-knpp-tatmadaw
အောက်တိုဘာလ ၂ဝ ရက်နေ့ မနက်ပိုင်းတွင် ဖားဆောင်းမြို့နယ်၊ နန်းကစ်ကျေးရွာဘက်တွင် KNPP နှင့် စစ်တပ်အကြား တိုက် ပွဲဖြစ်နေကြောင်း သိရသည်။

" ကျွန်တော်တို့လည်း အဲ့မှာ ကျွန်တော်တို့လူ ရှိတယ်လေ၊ သူတို့လည်း သူတို့အလုပ်ကို သူတို့လုပ်မယ်ပေါ့။ လုပ်ချင် တာလုပ်မယ်ဆိုတာက သူတို့အလုပ်က အဲ့မှာဂိတ် ရှိတယ်၊ ဂိတ်ရှိရက်နဲ့ သူတို့ကို ခွင့်မတောင်း ဘဲနဲ့ ဂိတ်ကိုပတ်ပြီး ကျော်သွားတယ်ပြော တယ်လေ၊ သူတို့သတင်းမပို့ရင် ခုနပြောသလိုမျိုး သူတို့တာဝန် နဲ့သူတို့ရှိတယ်၊ သူတို့ အလုပ်ကို သူတို့လုပ်ကြမှာပဲလေ˝ ဟု လွိုင် ကော်မြို့ ကေအဲန်ပီပီဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ကန္တာရဝတီတိုင်းမ်သို့ ပြောသည်။

အောက်တိုဘာ ၁၉ ရက်နေ့တွင် ဖားဆောင်းမြို့နယ် ၊ ကေအဲန်ပီပီထိန်းချုပ်နယ်မြေအတွင်းသို့ စစ်တပ်ဖက်မှ ခွင့်မတောင်းဘဲ ကျော်တက်သွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်းမ် သို့ ပြောသည်။

̏KNPPထိန်းချုပ်နယ်မြေထဲကို ခွင့်မတောင်းဘဲ စစ်တပ် ဖက်က (အောက်တိုဘာ ၁၉ ရက်နေ့) ကအင်အား၂၀ ဝန်းကျင်က နန်းကစ်ဂိတ်ကို ပတ်ပြီး ကျော်တက် သွားသည်။ (အောက်တိုဘာလ ၂ဝ ရက်နေ့) လည်း အင်အားထပ်ဖြည့်ပြီးလှုပ်ရှားနေတယ်။ ဖားဆောင်းမြို့ မန်တလဲ ဖက်သွားမယ်ပြောတယ်၊ အင်အားဘယ်လောက်သွားမယ်တော့ သေချာမသိရပါ။ စစ်တပ်အနေနဲ့ငြိမ်း ချမ်းရေးဆိုပြီး ပါးစပ်ကပြောပြီး ခုလိုငြိမ်း ချမ်းရေးကို ထိခိုက်စေတဲ့ အပြုအမူမျိုး မလုပ်သင့်ပါ˝ ဟု ၎င်းကပြောသည်။

ပြည်ထောင်စုအဆင့်တွင် နှစ်ဖက်မှ အလုပ်သဘောအရ သွားလာလျှင်သော်လည်းကောင်း၊ အလွတ်သဘောအရ သွားလာလျှင် သော်လည်းကောင်း အကြောင်းကြားကြရန် သဘောတူညီချက်များ ထားရှိထား သော်လည်း စစ်တပ်ဘက်မှယခုလို အကြောင်းမ ကြားဘဲ သွားလာနေသည်မှာ မကြာခဏဖြစ်ပေါ်နေကြောင်း ဦးညေးရယ်က ဆက်ပြောသည်။

လက်ရှိတွင် ကေအဲန်ပီပီဘက်မှ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းနေချိန်တွင် နှစ်ဖက်ယုံကြည်မှုသည် အဓိကဖြစ်ကြောင်းနှင့် စစ်တပ်ဘက်မှ ယခုလိုမကြာခဏ လုပ်ဆောင်နေလျှင် ၎င်းတို့ဘက်မှ ယုံကြည်ရန် ခက်ခဲသွားမည်ဖြစ်ကြောင်း ဦးညေးရယ်ကဆက်ပြောသည်။

̏ ယုံကြည်မှုကို ပျက်ပြားအောင် ဘယ်သူလုပ်လဲ၊ ဘယ်ကစလဲဆိုတဲ့ဟာက ကျွန်တော်တို့ အခုလက်ရှိအခြေအနေအရဆို သိနေတာ ပဲလေ။ ဆိုတော့ ယုံကြည်မှုတည်ဆောက်နေချိန်မှာ အဲ့လိုမလုပ်ဖို့ အပြန်အလှန် လေးစားဖို့ လိုတယ်ပေါ့˝ ဟု ဦးညေးရယ်က ပြော ပါသည်။