KNU ကို အပြစ်မတင်ဟု အစိုးရ ပြော

...

KNU ကို အပြစ်မတင်ဟု အစိုးရ ပြော

The Irrawaddy, 30 Oct 2018

URL: https://www.irrawaddy.com/news/govt-says-karen-armed-group-not-blame-stalled-peace-process.html
ရှေ့မတိုးနိုင်ဖြစ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းအား ယာယီ ဆိုင်းငံ့ထားရန် မကြာသေးမီက ဆုံးဖြတ်ခဲ့သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး KNU ကို အပြစ်မတင် ကြောင်း မြန်မာအ စိုးရက ပြောသည်။

“ကျနော်တို့ကတော့ လက်ရှိ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ အပြစ်မ တင်ပါဘူး။ ဒါ ဖြစ်လေ့ဖြစ်ထရှိတယ်” ဟု သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက KNU ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြောသည်။

ဦးဇော်ဌေးက အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ “ငြိမ်းချမ်းရေး နဲ့ပတ်သက်လို့ တ ကယ့် နက်နဲတဲ့ ပြဿနာတွေဖြေရှင်းဖို့ အချိန် ရောက်လာပြီ။ ဒီလိုဖြေရှင်းဖို့ အချိန်ရောက်လာပြီ ဆို ဒီလိုစိန်ခေါ်မှုတွေက တွေ့တတ်တယ်။ ဘာကြောင့်လဲဆို ဒါတွေက နှစ်ပေါင်း ၇၀ လောက်ဖြစ်လာတဲ့ ပြဿနာ။ အဲဒါကို ဖောက်ထွက်ဖို့ အခက်အခဲတွေ ရင်ဆိုင်ရမယ်” ဟု ဆိုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အခက်အခဲများရှိပါက အစိုးရ၊ တပ်မတော်တို့ နှင့် ပွင့်လင်းစွာ ပြောဆိုကြရန်နှင့် သို့မှသာ ၎င်းတို့အနေဖြင့် တဦးကိုတဦး ကူညီနိုင်ကြမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက တိုက် တွန်းသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့သည့် စာတစောင်တွင် KNU က ငြိမ်းချမ်းရေးလုပ်ငန်း စဉ် လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ၎င်း၏ အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုရန် အချိန်ပေးရမည် ဖြစ်သည့်အတွက် အစိုးရ၊ တပ်မတော်တို့နှင့် စေ့စပ်ဆွေးနွေးမှုများတွင် ပါဝင်ခြင်းမှ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

KNU အတွင်းတွင် အကျေအလည်ဆွေးနွေးခြင်းက နောက်ဆုံးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အ တွက် အထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးဇော်ဌေးက ပြောသည်။ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ ညီချက် (NCA) တွင် လက်မှတ်မရေးထိုးမီက အဖွဲ့တွင်း ကွဲပြားမှုများ ရှိခဲ့စဉ်ကလည်း KNU အနေဖြင့် ကျော်လွှား ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သူက မှတ်ချက်ချ ခဲ့သည်။

“KNU ထဲမှာ အကျေအလည် ဆွေးနွေးညှိနှိုင်းပြီးတော့ မကြာခင်မှာ ကောင်းမွန်တဲ့ ရလဒ်ရလာမယ်လို့ ကျနော်တို့က ယုံတယ်။ ဘာကြောင့် ယုံလဲဆိုတော့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ က NCA မှာလည်း ဒီလိုပဲ ကျော်ဖြတ်ခဲ့သလို အနှစ်နှစ်အလလပြောခဲ့တဲ့ နိုင်ငံရေးဆွေး နွေးပွဲမှာလည်း အပြည့်အ၀ ကျော်ဖြတ်နိုင်မယ်လို့ ကျနော်တို့ က ယုံကြည်တယ်” ဟု သူက ပြောသည်။

အဖွဲ့အနေခြင့် NCA ကို အခြေခံသည့် ဆွေးနွေးညှိနှိုင်း မှုများမှတဆင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိအောင် ဆက်လက် ဆောင်ရွက်မည်ဟု KNU ဒုတိယ ဥက္ကဌ ဖဒိုစော ကွယ်ထူးဝင်းက အောက်တို ဘာ လ ၃၀ ရက်နေ့တွင် ဧရာဝတီသတင်းဌာနသို့ ပြောသည်။

သို့သော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရနှင့် တပ်မတော်တို့ကြားတွင် ယခုလလယ်က နေပြည်တော်၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆိုင်ရာ သီးသန့်ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးညှိ နှိုင်းမှုများ ရှေ့ဆက်ရန် သဘောတူခဲ့ကြသော် လည်း တပ်မတော်၏ တောင်းဆိုချက်ဖြစ်သည့် တိုင်းရင်းသားအဖွဲ့များက ခွဲထွက်ခွင့်ကို စွန့်လွှတ်ရေးနှင့် တခုတည်းသော တပ်မတော် ဆိုသည့် အချက်ကို လက်ခံ ရေးနှင့် ပတ်သက်၍ တိုးတက်မှု မရှိခဲ့ကြောင်း သူက ထပ်လောင်းပြောဆိုခဲ့သည်။

KNU အဖွဲ့တွင်းတွင်လည်း ဘုံ နားလည်မှုတခု ရရှိရန် လိုအပ်နေသဖြင့် အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖဒို စောကွယ်ထူးဝင်းက ပြောသည်။ အဖွဲ့ဝင်များအကြား “ဘယ်အဖွဲ့အစည်းတိုင်းမှာပဲ ဘယ်မိ သားစုတိုင်းမှာပဲဖြစ်ဖြစ် နေရာတိုင်းမှာ အမြင်မတူတာက ရှိပါတယ်။ သို့သော်လည်းပဲ အမြင်မတူတာနဲ့ ကွဲတာတော့ မဟုတ်ဘူး။ အမြင်မတူတာက ကျနော်တို့အဖွဲ့အ စည်းက ဒီမိုကရေစီ စနစ်ကျင့်သုံးတယ်။ ညီညွတ်မှုနဲ့ မတူကွဲပြားမှုကို အားလုံးက လက်ခံနိုင်တဲ့ အဖြေတခုရဖို့အတွက် ညှိနှိုင်းကြ တယ်။ ဒီလိုပါပဲ” ဟု သူက ထပ်ပြောသည်။

NCA အရ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်တွင် လတ်တလော အပြောင်းအလဲများ နှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာလုပ်ငန်းစဉ်၏ လက်ရှိ ပုံစံတို့နှင့် ပတ်သက်၍ ၎င်း၏ အဖွဲ့ဝင်များနှင့် တိုင်ပင်ဆွေးနွေးမှု များ ပြုလုပ်သွားမည်ဟု သူက ပြောသည်။ သို့သော် အဖွဲ့တွင်း တိုင်ပင်ဆွေးနွေးမှုများက အချိန်ကြာမြင့်လိမ့်မည် မဟုတ်ဟု သူက ယူဆသည်။

အစိုးရကလည်း NCA တွင် ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နေသည်မှာ လမ်းတဝက်ရောက်နေပြီ ဖြစ်သည့်အ တွက် ထိုအတိုင်းသာ ဆက်သွားရန် ဆန္ဒ ရှိသည်ဟု ဦးဇော်ဌေးကလည်း ပြောဆိုသည်။

NCA အကောင်အထည်ဖော်မှုတွင် အားလုံးပါဝင်မှုရှိလာရန် အတွက် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်၏ လက်ရှိပုံစံကို ပြန်လည်သုံးသပ်ရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များက သဘောတူညီခဲ့ပြီး ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ အစိုးရ နှင့် ပြည်ထောင်စု၊ ပြည်နယ်/တိုင်း လွှတ်တော်များတွင် ကိုယ်စား ပြုသည့် နိုင်ငံရေး ပါတီများ သည် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြင်ဆင်ရေးအတွက် ညှိနှိုင်း ကြရန် ရန်ကုန်မြို့တွင် ယခုအပတ် နှောင်းပိုင်း၌ တွေ့ဆုံကြမည်ဖြစ်သည်။